• 14 •

997 129 40
                                    

Uni

"ကိုကိုရေ ဒီမှာ ပေါင်မုန့်ရပြီ"

'လာပြီ လာပြီ'

ဆိုင်ရှေ့ကနေ အသံပြန်ပေးလာတဲ့ ကိုကို့ကြောင့် ဂျောင်ကုပြုံးမိသည်။ဒီနေ့ဆိုင်မှာ မုန့်လုပ်ဖို့ လူခေါ်တာ သူကြိုက်တဲ့အရသာကို လုပ်နိုင်တဲ့သူကိုမှခန့်မယ်ဆိုပြီး မနက်ထဲကလာလျောက်သမျှ သူတွေကိုမုန့်ဖုတ်ခိုင်းပြီး ထိုင်စားနေတာမို့ ဗိုက်ပွကုန်မှာကြောက်တာမို့အခုတစ်ယောက်မှာ အဆင်ပြေဖို့ မျှော်လင့်ရသည်။

'တကယ်ကောင်းတာပဲ ပေါင်မုန့်အသားရော ခရင်မ်အနေအထားရော၊မောင် မြည်းကြည့်ကြည့် ဒါကကောင်းတယ်'

"မစားချင်သေးဘူး ကိုကို"

'မောင်!!'

"စားပါ့မယ်၊စားပါ့မယ်"

'တွေ့လား အရသာရှိတယ်ဆိုနေ'

သူ​ပြန်ဖြေတာတောင်မစောင့်ဘဲ မုန့်ဖုတ်သမားကောင်လေးကို ရွှန်းတောက်နေတဲ့မျက်လုံးတွေနဲ့ကြည့်ပြီးစကားပြောနေတဲ့ကိုကို၊နောက်ပြီး ဟိုကောင်လေးကလည်း သွားထပ်လေးနဲ့အတူ ပါးချိုင့်လေးပါပါနေတော့ ပြုံးရင် အပြုံးကတော်တော်ကိုလှသည်လေ။ကြည့်ပြီး ဘာမှမဟုတ်တာတောင်အူတိုနေရင် မကောင်းတာမို့ အရှေ့ထွက်ပြီး ထိုင်မယ်လုပ်တော့ ခြေထောက်ကခွေကျတာမို့ မျက်ခနဲပင်၊အဲ့တာ​တောင် လှည့်မကြည့်လာတဲ့ ကိုကို့ကြောင့် တကယ်စိတ်မကောင်းတော့ နာသွားတဲ့ခြေထောက်ကိုသာထိန်းလျှောက်ပြီး ထွက်ထိုင်နေမိသည်။

'မောင်..ကောင်တာမှာ အိပ်နေရလား၊အိပ်ချင်နေရင်လည်း ပြန်မယ်လေ နည်းနည်းပါးပါးပြောမှပေါ့'

သူ့ကိုတောင်ပစ်ထားလို့ ဒီမှာထိုင်စောင့်နေရတာတောင် မသိသလိုနဲ့ လာဆူနေသေးတဲ့ ကိုကို့ကို စကားမပြောနေချင်တော့ ပြန်မယ်ဆိုလည်း ပြန်ရုံမို့ ကားပေါ်ကိုသာ အရင်တက်ထိုင်နေမိသည်။

'မောင် မမောင်းဘူးလား'

"ကိုကို!!မောင် နေခဲ့တော့မယ် ကိုကိုပြန်နှင့်လိုက်တော့"

'​ဘာဖြစ်လို့လဲ မောင်'

"မသိဘူး၊အခုလောလောဆယ် အဆင်မပြေဘူး
ခေါင်းတွေပါထိုးကိုက်လာပြီ"

You are the Only One  ( ✔ ) Where stories live. Discover now