• 22 •

1.9K 141 49
                                    

Uni

အနောက်ကနေ ခါးကိုတင်းနေအောင်ဖက်ထားတဲ့ အကြောစိမ်းစိမ်းလေးတွေ ထင်းနေတဲ့မောင့်လက်ကို ခပ်ဖွဖွကိုင်မရင်း မျက်နှာချင်းဆိုင် အနေအထားရအောင်လှည့်ယူပြီး တစ်လကျော်ငေးကြည့်ခွင့်မရတဲ့ မျက်နှာလေးကိုကြည့်နေမိသည်၊မျက်လုံး၀ိုင်းတွေ ချွန်ပြီးလုံးနေတဲ့ နှာတံလေးက ပွသည်လို့မဆိုနိုင်ဘဲ အောက်နားမှာမှည့်နက်လေးတည်ရှိနေတဲ့ နှုတ်ခမ်းခပ်ပါးပါးနဲ့ မောင်က
ပြီးပြည့်စုံသည့် ယောကျာ်းသားတစ်ယောက်ပင်။

"နိုးနေပြီလား စောသေးတာကို"

'ဟိုမှာကျင့်သားရသွားတော့ နည်းနည်း
အချိန်လွဲနေသေးတာမို့ပါ'

"စောစောထရင် ပင်ပန်းမယ်လေ ဆက်အိပ်နေပါ ဂျွန့်အပိုင်လေးရဲ့၊စားဖို့သောက်ဖို့လည်းပြင်ထားပေးမှာမို့ အေးဆေးအိပ်နေနော်"

'မအိပ်ချင်တော့ပါဘူး၊မနက်စာတူတူပြင်မယ်လေ'

"ကိုကို့သဘောပါ၊အဲ့တာဆိုလည်းထတော့"

'လက်ထပ်ပွဲလုပ်မယ်ဆို'

"လုပ်မှာပေါ့ ဒါပေမဲ့ မောင်ကရိုးရိုးရှင်းရှင်းလေးပြင်ဆင်ထားတာမို့ ကိုကိုသဘောကျပါ့မလားပဲ"

'သဘောကျပါတယ် မောင်လုပ်ပေးတဲ့ဘယ်အရာက်ိုမဆိုပေါ့'

"ကိုကိုက မောင့်ကိုစောစောစီးစီးခြွေနေတာပဲ"

နှာဖူးလေးကိုနမ်းလိုက်တော့ ပြုံးတာက ပါးချိုင့်သေးသေးလေးတွေပေါ်အောင်ကိုပြုံးသည်မို့ ကလေးလေးလိုပင်။ထမင်းစားတော့လည်း တို့ကနဲဆိတ်ကနဲမို့ ၀င်အောင်ခွံ့ရသေးသည်၊ပါးဖောင်းဖောင်းလေးတွေကျသွားရင်တောင် သူ့အတွက် အဆင်မပြေတာအသိဆုံးပင်။

'မောင် မရှိလို့မဖြစ်ဘူးဆိုတာသိရဲ့လား'

ထမင်းစားနေရင်းပလုတ်ပလောင်းအသံနဲ့ပြောလာပြန်သည့်ကိိုကို။

"သိပါတယ် ကိုကိုကမောင့်ကိုအများကြီးချစ်တာကို"

'ဒါပေါ့ ဒါပေါ့'

သူတို့နှစ်ယောက်ရဲ့ပုံမှန်ဘ၀ကဒီလိုမျိုးပင်၊နောက်ဆို သားသားလေးပါရှိလာတဲ့အခါကျ ကိုကိုကကလေးထိန်းနေရင်တောင် သူကအမြဲတမ်းအတွက် ကိုကိုဆိုတဲ့ တစ်ဦးတည်းသောလူကြီးလေးကိုထိန်းရမှာပင်။

You are the Only One  ( ✔ ) Where stories live. Discover now