Uni
အိမ်ပြန်ရောက်တာနဲ့ ဂျောင်ကုက ကုတင်ပေါ်တန်းလှဲပြီးအိပ်တော့ ခြေအိတ်က အစ မချွတ်နဲ့ဆိုတာတောင် အတင်းလိုက်ချွတ်ပေးနေပြန်တဲ့ကိုကို၊ပြီးသွားတော့ချွတ်ထားတဲ့ အင်္ကျီတွေကိုလည်း လိုက်ကောက်သိမ်းနေသေးသည်။ပြန်လာတာနဲ့ မနားဘဲလုပ်နိုင်သေးတာက စည်းစနစ်ကျတဲ့နေရာမှာကိုကိုကစံပြပင်။
‘ရေချိုးမလား’
“မချိုးပါဘူး မနက်ကလည်း အပြင်မသွားခင်ချိုးထားတယ်လေ”
‘ငိုထားတာလေ နုံးနေမှာပေါ့၊ထပ်ချိုးသွား’
“မချိုးပါဘူး”
‘ချိုးဆိုနေ!!!’
“မချိုးဘူး”
‘မချိုးနဲ့ သွား။အခု အခန်းထဲကထွက်’
“မထွက်ဘူး”
‘မောင်!!!’
“အိပ်ချင်နေပြီ”
‘ဖျားမယ်နော်၊မအိပ်နဲ့’
“မရဘူး အိပ်မှာ”
‘တကယ်ဂျစ်တိုက်နေတာပဲ’
“အဲ့တော့ ကိုကိုကမချစ်ဘူးလား”
‘ချစ်တယ်လေ ဒါပေမဲ့ အခုနေ အလိုလိုက်ရင် နေမကောင်းဖြစ်မယ်၊နေမကောင်းဖြစ်တော့ လူပင်ပန်းမယ်၊အဲဒီအခါကျရင်
ကိုကိုက ဘာမှမလုပ်ပေးနိုင်လို့ မောင့်ကို စိတ်ပူနေရမယ်လေ’“အရှည်ကြီးတွေးလိုက်တာပဲ သွားချိုးပါ့မယ်”
‘လိမ္မာတယ်၊ကိုကို ထမင်းဝိုင်းပြင်ထားမယ်’
“ကိုကိုစိတ်ပူမှာစိုးလို့နော် မဖျားအောင် သွားချိုးမှာ”
‘ဟုတ်ပါပြီ’
အဖျားကြီးရင်တကယ်ကို စိတ်ပူရသည်၊စာမေးပွဲပြီးတော့
ဖျားတုန်းကဆို တကယ်ကမ္ဘာပျက်တာကသူပင်။<~><~>
‘စာမေးပွဲက ဒီနေ့နောက်ဆုံးပဲနော်’
“ဟုတ်တယ် ကိုကို”
‘ကိုကိုလာတွေ့ရမလား’
“အားရော အားရဲ့လား”
‘အားတာပေါ့ မောင်ရဲ့
အခုကျောင်းရှေ့ကို လာခဲ့မယ်’
![](https://img.wattpad.com/cover/293736377-288-k453151.jpg)
YOU ARE READING
You are the Only One ( ✔ )
Fanfiction❇ JinkooK ❇ Fan Fic (Myanmar) By~Yeong_May Start_5.12.21 End _5.2.22