• 15 •

994 134 39
                                    

Uni

အခုရက်ပိုင်းစာသင်ချိန်များတယ်ဆိုပြီး တွေ့ဖို့ နေနေသာသာ ဖုန်းလေးတောင် တစ်ချက်မဆက်တဲ့ ကိုကိုကနေနိုင်လွန်းစွာပင်။သူကလည်း ကျောင်းပြီးခါစမို့ ဘာမှလုပ်စရာမရှိချိန်မှာ ကိုကို့နားကပ်ချွဲနေချင်တာကို ဂရုတောင် အစိုက်မခံရတာမို့ ဂျောင်ကု စိတ်ကသိပ်အဆင်မပြေ။ကိုကိုနဲ့တွေ့မှ အများကြီးပြောင်းလာတဲ့သူက ရှင်သန်ခြင်းဆိုတာ ကိုကို လို့သတ်မှတ်ထားတာပင်။

အတွေးလွန်နေတုန်း ၀င်လာတဲ့ noti ကြောင့်ကြည့်လိုက်တော့ At Jeju ဆိုပြီး စားသောက်၀ိုင်းကပုံလေးတင်လာတဲ့ ကိုကိုက ပုံအရဆို Jeju ရောက်နေဟန်ပင်။ဘာမှမသိရတာမို့ စိတ်မကောင်း ဖြစ်မိပေမဲ့ ဆက်မတွေးချင်တော့ အိပ်ဖို့လုပ်တော့ ၀င်လာတဲ့ ကိုကို့ဖုန်းကို ကိုင်ချင်ပေမယ့် ကလေးစိတ်ကကြီးစိုးသွားတော့ မကိုင်ဖြစ်တော့။ကိုကို့ဖုန်းကျသွားတာနဲ့ ၀င်လာတာက ဆန်းမင်းရဲ့ဖုန်းပင်။

'ဂျောင်ကု Jeju လိုက်မလား´

"မင်းကအဲဒီကိုဘာကိစ္စလဲ"

'ငါ့ကောင်မလေးကွာ သွားဖို့တဲ့လက်မှတ်တောင် ပြင်ထားပြီးပြီတဲ့...မင်းမပါရင် မသွားဘူးပြောထားတော့ မင်းဖို့ပါစီစဥ်ထားတယ်တဲ့´

"ကောင်မလေးကို မင်းအနိုင်ကျင့်နေတာပဲ အားနာစရာကြီး"

'မသိဘဲပြောပြန်ပြီ တစ်လောက အသစ်ထွက်တဲ့ Limited Brand ကိုမှ သူလိုချင်တယ်ဆိုလို့ ၀ယ်ပေးထားတာ၊မင်းလိုက်မှာလား မလိုက်ဘူးလားပြော၊လိုက်ရင် ည 9 နာရီ လေဆိပ်ကို အရောက်လာခဲ့´

"အဖေ့ကိုပြောဦးမယ် အကျိုးအကြောင်းပြန်ပြောမယ်"

'အိုကေ´

ဆန်းမင်းဖုန်းချသွားတော့ အဖေက စာကြည့်ခန်းမှာ ရှိနေနိုင်တာမို့ ၀င်ပြောဖို့လုပ်တော့ ခပ်သဲ့သဲ့ကြားနေရတဲ့ သူ့ကိုရည်ညွှန်းတဲ့ ဒေါသစွက်နေတဲ့ စကားသံကြောင့် အပြင်မှာ ခဏရပ်နေမိသည်။

"အဖေ ကျွန်တော် ဆန်းမင်းနဲ့ Jeju ကိုလိုက်သွားမလို့"

'ဒီမှာ Card ၊လူငယ်ဘ၀ပဲ ပေါ့ပေါ့ပါးပါးပျော်ခဲ့ ဒါပေမဲ့ အဖေ မျက်နှာပျက်စေမဲ့ အလုပ်တော့မလုပ်နဲ့ လုပ်ခဲ့ရင် အဲ့တာကို အဖေ ခွင့်မလွှတ်ဘူးဆိုတာသိထားပါ´

You are the Only One  ( ✔ ) Where stories live. Discover now