• 21 •

1.2K 130 36
                                    

Uni

'ဂျောင်ကု အိမ်မှာမရှိတော့ဘူး ဆော့ဂျင်၊ဆိုင်လည်းပိတ်ထားတယ်,ဖုန်းခေါ်တော့ အကုန်လုံးကိုသိနေပြီးပြီမို့ အားလုံးနဲ့အဝေးဆုံးမှာရှိချင်လို့,ကျွန်တော့်ကိုလိုက်မရှာပါနဲ့တဲ့၊ထပ်ခေါ်တော့ စက်ပိတ်ထားတယ်´

'မဟုတ်ဘူးမလား၊ဒါက အိပ်မက်တွေလို့ပဲပြောပေးစမ်းပါ ဆွန်းဟျောင်း'

နှစ်ရက်ရှိပြီ၊မောင့်ဆီကိုဖုန်းခေါ်မရတာမို့ ဆွန်းဟျောင်းကို အကျိုးအကြောင်းလှမ်းပြောပြတော့ သွားကြည့်ပေးတာ မောင်ကထွက်သွားသည်တဲ့ ဒါဘယ်လိုတောင် မဖြစ်နိုင်တာကြီးလဲ၊မောင်ကအဲ့လိုလုပ််မယ့်သူမှမဟုတ်တာကို။

'မင်းပြန်လာရတော့မှာလား´

'အင်း။နောက်နှစ်ရက်နေရင် ပြန်လာမှာထင်ထားတာထက် ရက်ပိုင်းစောစောပြီးသွားတယ်'

'ဂရုစိုက်၊ငါစိတ်မပူချင်ဘူး။မင်းလည်းဂျောင်ကုလောက်မဟုတ်တောင် ဂျောင်ကုနီးနီးပင်ပန်းခဲ့တာပဲ၊သူလည်းအချိန်တစ်ခုလိုလို့နေမှာပါ သိပ်တွေးမနေနဲ့။မင်းကိုသူဘယ်လောက်ချစ်လဲဆိုတာ မင်းအသိဆုံးပါ´

'ကျေးဇူးပဲ ဆွန်းဟျောင်း၊ဒါပေမဲ့ မောင်ထွက်သွားချင်တယ်ဆို ငါက လက်လျော့ပေးမှာပါ၊အခုတော့ တစ်ယောက်တည်းနေချင်လို့ ဖုန်းချလိုက်တော့မယ်။'

'အင်း ဆော့ဂျင် ဂရုစိုက်ပါ။´

ဆွန်းဟျောင်းဖုန်းချသွားတော့ ထိန်းထားတဲ့မျက်ရည်တွေက မရတော့၊လွန်ခဲ့တဲ့ရက်တွေထဲကစိတ်ထင့်နေပေမယ့်
မောင် စိတ်ရှုပ်မှာစိုးလို့ ထုတ်​မပြောခဲ့၊အခုလောက်ထိမြန်မြန်ဆန်ဆန်ကြီး သူမရှိတဲ့အချိန်မှာ မှတ်မိသွားမယ်မထင်ခဲ့တာလည်းပါသည်၊သူ့ကိုထားသွားတာ မထားသွားတာထက် စိတ်ကြောင့် မောင် တစ်ခုခုဖြစ်နေမှာကို ပူတာပင်။

'အကုန်လုံးက ကိုယ့်အတွက်ကို မတွေးခဲ့တဲ့ ကိုကို့အပြစ်တွေပဲထင်တယ်'

_-_

ကမ်းခြေကပြန်ရောက်တော့ ကျောင်းအုပ်ကြီးက ရောက်နေပြီး အဖေနဲ့ ပညာတော်သင်ကိစ္စကိုပြောနေတာကြောင့် သွားရတော့မယ်ဆိုတာသိသည်။အဖေသိသွားရင်
ဒါကိုသူငြင်းဆန်လို့မရနိုင်တာသေချာသည်။

You are the Only One  ( ✔ ) Where stories live. Discover now