• 12 •

909 131 43
                                    

Uni

နိုးလာတော့ ရင်ခွင်ထဲမှာအိပ်ပျော်နေတဲ့ ကိုကို့နဖူးကို ဂျောင်ကု ခပ်ဖွဖွနမ်းမိသည်။ကိုကိုက သူ့ကို ဂရုစိုက်လွန်းသည်၊ဒါကချစ်လွန်းလို့ဆိုတာနားလည်ပေမဲ့ တကယ့် ကိုကိုမရှိခင် အထီးကျန်စွာရှင်သန်လာတဲ့ သူ့စိတ်ကရော နားလည်နိုင်ပါ့မလား။သူ့စိတ်က ကိုကိုနဲ့ရှိနေလို့သာ သာမန်လူပင် ကိုကိုနဲ့အလှမ်းဝေးတာနဲ့ကို တုန်လှုပ်လာပြီး ခြောက်လှန့်နေတဲ့စိတ်တွေက ထိန်းချုပ်လို့မရအောင် တခြားသူလိုပင် အခုချိန်ထိဆိုးရွားလွန်းသည်။

"ချစ်တာကိုသိတယ်မလား၊ရူးမတတ်ဖြစ်ပြီး သေသွားနိုင်တဲ့အထိလည်း ကိုကို့ကိုချစ်တယ်"

ရင်ခွင်ထဲကနေ လူးလွန့်လာပြီး မထချင်သေးတဲ့ကိုကိုဟာ မပွင့်တပွင့်မျက်လုံးလေးတွေကို. လက်သီးဆုပ်သေးသေးလေးနဲ့ ပွတ်နေတဲ့အပြင် နှုတ်ခမ်းဖူးဖူးလေးက ဆူချွန်နေသေးသည်ကို
ဂျောင်ကု အသည်းယားပြီးသာ ပြုံးကြည့်နေမိသည်။

'နိုးနေပြီလား'

"ဟုတ်တယ် ကိုကို၊နည်းနည်းကြာပြီ ဂျွန့်အပိုင်လေးအိပ်နေတာကို ကြည့်နေတာ"

'အိပ်ပုတ်ကြီးနေတဲ့ရုပ်ကိုများ'

"ဒီလောက်ချစ်ဖို့ကောင်းတာကို ဒီလိုလေးလေ၊
လက်ကလေးနဲ့ပွတ်နေတာ"

သူလုပ်တဲ့ပုံစံလိုက်လုပ်ပြနေတာက
ယုန်သွားလေးတွေနဲ့နှာခေါင်းပွလုံးလုံးလေးကြောင့်ပိုပြီး
ချစ်ဖို့ကောင်းနေသယောင်။ပြီးသွားတော့ ပါးကို တစ်ချက်နမ်းပြီး
မနက်စာပြင်မယ်ဆိုပြီး ထထွက်သွားသည်မို့ မထချင်သေးတဲ့သူက ဆက်အိပ်နေလိုက်မိသည်။

_-_

'ကိုကိုတို့ လက်ထပ်ကြမလား မောင်!!'

"ကိုကို!!"

'မောင်လည်း အသက်ပြည့်တာ လွန်နေပြီလေ၊ဘာတွေများ ထပ်ပြီး အချိန်တွေဆွဲနေဖို့ လိုဦးမှာလဲ'

"ဒါပေမဲ့ ကိုကို မောင်က"

'မောင်က အေးဆေးပြောလို့မရဘူးလား'

"အခုက လက်မထပ်ချင်သေးဘူးလေ၊ကိုကိုရာ
ခဏနားထောင်ဦးလေ"

'မသိဘူး လက်ထပ်မယ်မပြောမချင်း လာမခေါ်နဲ့'

You are the Only One  ( ✔ ) Where stories live. Discover now