• Extra •

1.6K 132 73
                                    

Uni

'သားသားကို ကျောင်းသွားကြိုပေးပါဦး၊ကိုကို ဆေးခန်းမှာ လူနာတွေများနေလို့'

ဖုန်းကိုင်ထားရင်း ဂျောင်ကု ခေါင်းညှင်းညှင်းသာခါမိသည်၊သူက အောက်ထပ်က ကော်ဖီဆိုင်လေးမှာ ရှိတာတောင် အပေါ်ထပ်ကနေ ဖုန်းဆက်လှမ်းပြောတဲ့ ကိုကို​က တကယ်ကို သူ့အတွက် ထိန်းမရတဲ့ မလွယ်စိန်လေးပင်။

"ကိုကိုနော်၊မောင့်ကို ခိုင်းစားတာများနေပြီ"

'ချစ်တယ်လေ၊သားသားကျောင်းနောက်ကျနေမယ်
သွားကြိုလိုက်နော်'

"ညစာ ကျွေးရမှာနော်"

'ပြည်ကြီးငါးသုပ်ပြီး ကျွေးမှာမို့ စိတ်ချ'

"အဲ့ညစာမဟုတ်ဘူးဆိုတာ သိထားပါ
ဂျွန်ဆော့ဂျင်"

'အဲ့တာဆိုရင်တော့ ညစာထမင်းပါ အငတ်ခံလိုက်ပါ Bro'

တီခနဲ ချသွားတဲ့ဖုန်း​ကို ကြည့်ပြီး ရယ်မိသည်၊လေးနှစ်တာကုန်လွန်ခဲ့တဲ့အချိန်တွေမှာ သားလေး ဆော့ဂျွန်လေး ၂ နှစ်ပြည့်တော့ အစ်ကိုက ဆရာ၀န် လိုင်စင်ကို သေချာပြန်ယူပြီးသူဆောက်ပေးထားတဲ့ ဆေးခန်းလေးမှာ အခုထိ ၂ နှစ်ကျော် ရှိပြီနေ့တိုင်းထိုင်ပြီး တစ်ရပ်ကွက်လုံးကို တာ၀န်ယူကုပေးနေတာပင်။

Juty Coat အဖြူလေး၀တ်ထားတဲ့ အစ်ကိုက အချိန်တိုင်း ပြီးပြည့်စုံလွန်းသည်၊ဒီရပ်ကွက်လေးမှာက သူတို့မိသားစုလေးကို ကဲ့ရဲ့ဖို့ဆိုတာ လုံး၀မဖြစ်နိုင်တဲ့ကိစ္စလိုသာ၊မိသားစုလိုကိုနွေးနွေးထွေးထွေး စောင့်ရှောက်ပေးကြတာပင်၊မေမေနဲ့ ညီလေးက သားလေးကို ကူထိန်းပေး၊ဆိုင်ကို ကူပေးနဲ့ မိသားစုရဲ့ နွေးထွေးမှုကို အစစ်အမှန်ပြန်ရခဲ့သည်။

"ဒါတွေ အကုန်လုံးက ကျွန်တော့်ရဲ့ တစ်ဦးတည်းသော ချစ်ရသူ ဂျွန့်အပိုင်လေးကြောင့်သာ"

အတွေးလွန်နေရင် သားကိုကျောင်းကြိုတာနောက်ကျမှာစိုးတာကြောင့် ကားထုတ်ပြီး ကျောင်းကို အမြန်မောင်းလာတော့ မူကြိုထိုင်ခုံလေးမှာထိုင်စောင့်နေတဲ့ ဆော့ဂျွန်လေးက အပြေးထွက်လာသည်။

'ဒယ်ဒီ ကို့ သားက အများကြီးလွမ်းနေတာသိရား´

"သိတာပေါ့ဗျာ ဒယ်ဒီ့သားလေး ဘာစားချင်နေလို့လဲသာပြော"

You are the Only One  ( ✔ ) Where stories live. Discover now