• 9 •

1K 150 58
                                    

Uni

မွေးနေ့ပြီးတဲ့နောက်ရက်ကအစ ဂျောင်ကုက တက္ကသိုလ်ဝင်စာမေးပွဲရှိနေသည်မို့ ဖုန်းနဲ့တောင် စကားမပြောဖြစ်။ကျောင်းသွားကျောင်းပြန်ကို ကားနဲ့သွားချောင်းပြီး ဂျောင်ကုသဘောကျနေတဲ့
သူကိုစုံစမ်းဖို့ လုပ်ပေမဲ့ ဂျောင်ကုက ကျောင်းနားမရောက်ခင်ကတည်းကကို မျက်နှာက အကုန်လုံးကိုကျွေးထားရတဲ့ပုံနဲ့
ချေမိုးလွန်းနေသည်လေ။အခုလည်း အိမ်ကနေ ထွက်လာထဲက အနောက်ကနေ လိုက်လာတာ ကျောင်းဝန်းထဲဝင်သွားတော့မှ လှည့်ထွက်ဖို့ ပြင်တော့ အရှေ့မှာ လက်ကြီးဆန့်ပြီး ရပ်နေတဲ့ ဂျောင်ကု။

'ဟာ...လန့်လိုက်တာ ဘယ်လိုဖြစ်ပြီးတော့'

"ကိုကို ကားတံခါးဖွင့်ပေး"

'ဟိုင်း ဂျောင်ကု မတွေ့ရတာကြာပြီနော်'

"ဘယ်ကို မတွေ့ရတာကြာပြီလဲ"

စကားဆုံးတာနဲ့ ကားပေါ် တက်ထိုင်လာတဲ့ ဂျောင်ကုကြောင့်
ဘာမှမပြောမိ၊ကိုယ်လုပ်ထားတာကိုယ်ဘာသာ့ကိုယ်သိတာမို့
စတီယာတိုင်ကိုသာကြည့်နေမိသည်။

"နေ့တိုင်းကို လိုက်လိုက်ချောင်းနေတာပဲ
Stalker လား ကိုကိုက"

'မဟုတ်တာ...ကိုကိုက လိုက်ချောင်းလို့လား'

"ဒီမှာကြည့်လေ"

မျက်စိရှေ့ထိုးပေးလာတဲ့ဖုန်းမှာ နေ့တိုင်းလာချောင်းနေတဲ့ သူ့ရဲ့ပုံတွေပင်၊တချို့ပုံတွေမှာဆို ကုန်းကုန်းကွကွ ဘာလုပ်နေမှန်းမသိတဲ့ပုံတွေ၊အကုန် ဂျောင်ကုကသိနေသည်လား။

'ကိုကိုနဲ့ဆင်သလိုပဲနော်'

"ကိုကိုကတော့လေ၊ပြောပါဦး ကျွန်တော့်ကို လိုက်ချောင်းနေရတဲ့ အကြောင်းရင်းလေး"

'ဒီတိုင်းပါပဲ သတိရတာလည်းပါတယ်၊နောက်ပြီး ဂျောင်ကုချစ်ရသူက ဘယ်သူလဲသိချင်နေတာနဲ့'

"ကျွန်တော့်ချစ်ရသူက ကျောင်းပြီးတာကြာပြီလေ တက္ကသိုလ်တောင် ပြီးတော့မှာကို၊ကိုကိုလာရှာတော့ ဘာတွေ့မှာတုန်း"

'အာ...အဲ့လိုကို၊ကိုကိုမှမသိတာ ဂျောင်ကုချစ်ရသူက ဘယ်လိုလဲ ကိုကိုသုံးသပ်သင့်တယ်ထင်လို့'

You are the Only One  ( ✔ ) Where stories live. Discover now