• 18 •

966 133 49
                                    

Uni

ရင်ခွင်ထဲမှာ ကပ်ချွဲနေတဲ့ ကိုကိုကကလေးလေးလိုပင်။ကော်ဖီဆိုင်သွားချင်ပေမဲ့ အိမ်ကအဆိုးလေးကို မထားခဲ့ရက်၊မနေ့ညက အချစ်ညဖြစ်ခဲ့တာမို့ သူ့ရဲ့ ကိုကိုက နိုးလာလည်း Koala လေးလို  ကပ်ပြီးချွဲချင်တာ သိနေတာမို့ သွားရင် တစ်နေကုန်ငိုနေမဲ့ ပုံစံမျိုးပင်။

"မောင့်အဆိုးလေး၊ကျောင်းသားတွေနဲ့ တွေ့ရင် အနီကွက်တွေထင်းတော့မှာပဲ"

'ထင်းထင်းပေါ့ ဂျွန့်အပိုင်ဆိုတာ အကုန်လုံးကို ​ပြောပြပြီးသားဖြစ်သွားတာပေါ့'

"ကိုကိုကတော့လေ အခုကော အဆင်ပြေလား"

'ပထမဆုံးလည်းဟုတ်တော့ဘဲကို ရှက်စရာကြီး'

"အ၀တ်အစားအသစ်တွေထည့်သွားဦးမလား၊မောင်နဲ့ ကုန်တိုက်သွား၀ယ်ကြမယ်လေ"

'ပိုက်ဆံကုန်တယ်'

"မောင့်မှာရှိတယ်"

'မောင်ကဘယ်ကပိုက်ဆံနဲ့'

"အထင်သေးလိုက်တာ"

'မဟုတ်ပါဘူး။အဲဒီလိုသဘောပြောတာမဟုတ်ပါဘူး'

"သိပါတယ် မောင့်အပိုင်လေးရဲ့၊ကိုကို ဆန်းမင်းကို သိတယ်မလား"

'သိတယ်လေ မောင့်သူငယ်ချင်းကို ဆန်းမင်းကောင်မလေးနဲ့ ကိုကိုနဲ့လည်း ရင်းနှီးခဲ့သေးတာပဲ'

"ကိုကိုနဲ့မောင်တို့ ပြသနာတွေမဖြစ်ခင်ချယ်ယွန်းနဲ့မောင်တို့ ကမ်းခြေမှာရိုက်ဖြစ်တဲ့ နွေဦးဖက်ရှင်ကို ချပြလိုက်တာ စျေးကွက်မှာ အောင်မြင်သွားတယ်။အဲ့ကနေ လုပ်ငန်းသေးလေးပေမဲ့ရင်းနှီးမြှုပ်နှံဖို့ ရှယ်ယာတွေလည်း၀င်တော့ အဓိက ဒီဇိုင်းဖန်တီးတာနဲ့ မော်ဒယ်ကမောင်ဖြစ်နေတော့ သူတို့ ရှယ်ယာကနေ ၃၀ ရာခိုင်နှုန်းကိုမောင့်ကို ခွဲပေးတယ်။"

"မယူချင်တာမို့ သူတို့ဆီမှာပဲ ရှယ်ယာ၀င်ထားတာ၊နောက်ပြီး မောင်အထက်တန်းတုန်းက ဆွဲခဲ့တဲ့ ဒီဇိုင်းတွေကို လိုရမယ်ရပေးတော့ ချယ်ယွန်းက ထပ်ပြီးဒီဇိုင်းဖြည့်ပြီး နွေ မိုး ဆောင်း သုံးခုလုံးအတွက် ဒီဇိုင်းတွေကို ထပ်ထုတ်တော့ CM Brand တစ်ခုအနေနဲ့ နေရာရလာတာ၊အဲ့တော့ လွန်ခဲ့တဲ့ သုံးနှစ်ကျော်ထဲက မောင့်ရှယ်ယာက အခုဆိုတက်တက်လာမှာ ကိုကို့ကို ကုန်တိုက် တစ်တိုက်လုံးတောင် ၀ယ်ပေးလို့ရတယ်"

You are the Only One  ( ✔ ) Where stories live. Discover now