• 4 •

1.4K 191 24
                                    

Uni

ဂျောင်ကုနဲ့မတွေ့ရတာ ဆော့ဂျင်ရောက်ထဲက ဆိုတော့ ကြာနေမိပြီမလို့ ဂျောင်ကုဆီလာတော့ ဂျောင်ကု ရင်ဘတ်ထဲများဝင်သွားပြီလား အောက်မေ့ရတဲ့အထိ ကပ်အိပ်နေတဲ့ ဆော့ဂျင်နဲ့ ဖက်ပြီး အိပ်နေတဲ့ ဂျောင်ကု။တကယ်ကို နှစ်ယောက်တစ်အိပ်မက်သာသာယာယာပင် လုပ်နေကြသည်မို့ ဆွန်းဟျောင်း မကြည်ချင်တော့။

'ရား၊ကင်မ်ဆော့ဂျင် မင်းက ကုတင်အပို မရှိလို့လား
အခုဆင်း ဂျောင်ကုကုတင်ပေါ်က'

‘မင်းကဘာမို့လို့ ငါက မောင့်ကုတင်ပေါ်က ဆင်းပေးရမှာလဲ’

'ဂျောင်ကုက ငါ့ညီ။သွားသွား အရှုပ်ထုပ်တွေ'

‘ဟန်ဆွန်းဟျောင်း မင်းအခုလိုတွေကြောင့် အခုချိန်ထိ ရည်းစားတစ်ယောက်မှမရတာသိလား’

'သိတယ်...သိတယ် သိလွန်းလို့ခက်နေတာ'

အိပ်နေတုန်း ပိုပြီးဆူညံလာတဲ့အသံတွေကြောင့် ဂျောင်ကုဆက်မအိပ်နိုင်ဘဲ မျက်လုံးဖွင့်ကြည့်မိတော့
အကိုဆွန်းဟျောင်းကို မျက်စောင်းထိုးပြီး နှုတ်ခမ်းဆူရင်း ကြည့်နေတဲ့ကိုကိုရယ်။ဂရုမစိုက်ဘူးဆိုပြီး မဲ့ပြနေတဲ့ အကိုဆွန်းဟျောင်းရယ်ကြောင့် သူရယ်မိသား။

“ဒီအစ်ကိုနှစ်ယောက်ကတော့”

‘မင်းကြောင့် မောင် နိုးသွားပြီ။’

'နိုးမှပဲ မနိုးလည်း ငါက ရိုက်နှိုးမှာ'

‘မောင့် ကိုရိုက်ရင် မင်းကို ငါကလေ မေ့ကြောကို တစ်ချက်တည်းရိုက်ပစ်မှာ’

'မင်းကိုလား မကြောက်ဘူး။ဂျွန်ဂျောင်ကု မင်းနော်၊
အရင်ကကျ နားချိန်ဆိုတာနဲ့ မလာနဲ့ပြောတာတောင် နားနေခန်းကို ရောက်အောင်လာပြီး အစ်ကိုဆွန်းဟျောင်းပဲ ကျွန်တော့်မှာရှိတယ်ဆိုပြီး လာကပ်နေပြီး အခု ဒီအရူးပြန်
ရောက်လာထဲကပေါ်ကိုမလာဘူး'

“အစ်ကိုဆွန်းဟျောင်းကလည်း၊ကိုကိုကမလွှတ်တာ”

‘ကိုကိုင ဘယ်တုန်းက မလွှတ်လို့်တုန်း’

'မင်းတို့ အရင်ညှိလိုက်ကြဦး'

ဆွန်းဟျောင်းစကားကြောင့် မောင် ကမျက်လုံးတွေ မှိတ်ကျသွားတဲ့အထိရယ်သည်။နောက်တော့
မောင်က မျက်နှာသွားသစ်နှင့်မယ်ဆိုပြီး. ထွက်သွားတော့မှ ဆွန်းဟျောင်းလာတာအကြောင်းမဲ့မဖြစ်နိုင်တာမို့
ဆော့ဂျင် စကားစမိသည်။

You are the Only One  ( ✔ ) Where stories live. Discover now