• 8 •

1K 146 62
                                    

Uni

ကော်ဖီဆိုင်လေးဖွင့်ဖို့ကို နေရာရွေးနေတာ မနက်ကတည်းကအကျိုးဆောင်နေရာတွေကုန်တော့မည်။ကိုကို့စိတ်ကြိုက်ရွေးဆို မောင့်သဘောဆိုပြီးပြောတော့သူရွေးပြီးတဲ့နေရာကျ ကိုကိုကမကြိုက်။တကယ်ပင် ကိုကိုနဲ့သူနဲ့အခုလိုဆို မလွယ်တော့၊ကြာရင် ကော်ဖီဆိုင် ရွေးရင်းပြသနာဖြစ်တော့မည့်ကိန်းရှိသည်။

“ကိုကို...ကိုကိုကြိုက်တဲ့နေရာသာအဆင်ပြေမယ်ထင်တာ ရွေးလိုက်နော်”

‘မောင်ဦးစီးရမဲ့ဆိုင်ကို မောင့်သဘောချည်းဖြစ်စေချင်တာလေ’

“ကျွန်တော်ကြိုက်တာကျ ကိုကိုမှမကြိုက်ဘဲကို၊အဲ့တာကြောင့် ကိုကို အဆင်ပြေမယ်၊သဘောကျတဲ့ နေရာသာရွေးလိုက်”

အသံက ပုံမှန်အတိုင်းပြောပေမဲ့ ကိုကိုက ငြိမ်ကျသွားပြန်သည်။ကိုကိုကသူနဲ့ပတ်သက်လာရင် အခုလိုပုံစံဖြစ်နေတာကိုမကြိုက်၊ပွင့်ပွင့်လင်းလင်း အော်ပဲပြောပြော ထုပဲရိုက်ရိုက်ခံနိုင်သည်မို့ အပြစ်တစ်ခုလို မခံစားနေစေချင်တာ အမှန်ပင်။

‘သွားကြမယ်လေ၊ပင်ပန်းနေတော့မှာပဲ တစ်မနက်လုံးကို ကိုကို
မတွေးမိလိုက်ဘူး'’

“ကိုကို...မောင့်ကိုကြည့်၊မောင်က ကိုကို့အပိုင်လေ
ကိုကိုစိတ်တိုင်းကျ မောင့်အပေါ်ဆိုးနွဲ့လို့ရတယ်၊
အခုလက်ရှိမှာ ကိုကိုကသာ အရာအားလုံးဖြစ်နေတဲ့သူ
အပေါ် ကိုကို့ပုံစံလေးအတိုင်း နေပေးပါလား။”

‘စိတ်အဆင်မပြေဖြစ်သွားမှာကို တကယ်ကြောက်တယ်...မောင် သိလား၊ဆွန်းဟျောင်းပြောတဲ့အချိန် မောင်ကဆေးရုံမှာဆိုတာ သိရတဲ့ အချိန် ရူးတော့မလိုပဲ။အခုချိန်ထိ ကိုကို မယုံရဲသေးဘူး။ကိုယ်တိုင်က မောင့်အတွက် အနှောင့်အယှက်ပေးနေမိသလိုဖြစ်မှာကြောက်တယ်။’

“ကိုကိုရာ...မောင် ရှိနေတယ်လေ၊လက်ရှိမောင့်ကိုပဲ ကြည့်နေပေးလို့မရဘူးလား၊ကိုကိုက မောင့်အပေါ် အားနာစိတ်နဲ့ ချစ်နေရင်တော့ မောင် မလိုချင်တော့ဘူး...မောင် ထွက်သွားမှာ။”

‘မောင်!!’

ခေါ်လာတဲ့အသံက တုန်ရီစွာနဲ့ပင် မျက်ရည်ကဝိုင်းနေသေးသည်။ကိုကို့ရဲ့အခုပုံစံက မုန့်မရလို့ ငိုနေတဲ့ ကလေးလေးလိုပင် ချစ်ဖို့ကောင်းသည်မို့ ဆွဲဖက်ပစ်လိုက်ချင်ပေမယ့်
သူ့ဘက်ကသာအလျော့ပေးရင် ကိုကိုက ထပ်ပြီး စိတ်တွေက အားနာစိတ်တွေဝင်နေမှာမို့ တင်းမာထားမှဖြစ်မည်မို့ မချော့ဖြစ်။

You are the Only One  ( ✔ ) Where stories live. Discover now