• 13 •

1K 135 47
                                    

Uni

“ကိုကိုရေ ဆိုင်က ဒီနေ့အချောသတ်မှာမလား မောင်သွားကြည့်ဦးမယ်”

‘ကိုကိုလည်းလိုက်မယ်’

“အိမ်မှာပဲနေလေ...အေးဆေးအိပ်နေစားနေပေါ့ မောင်လုပ်တတ်နေတာပဲ”

‘မခေါ်သွားချင်လို့လား’

“မဟုတ်ပါဘူးဗျာ၊လိုက်မယ်ဆိုလည်း
အဝတ်အစားသွားလဲလေ”

‘မလဲချင်ဘူး လဲပေး၊ဘာမှမလုပ်ချင်လောက်အောင် ပျင်းနေတယ်’

“အိမ်မှာအိပ်နေဆိုတော့လည်း လိုက်မယ်တဲ့၊တကယ်
လူဆိုးလေးပဲ"

‘မြန်မြန်လဲပေး၊ဗီရိုထောင့်ကန့်မှာ ဆွယ်တာအပြာလေးရယ် ဂျင်းဘောင်းဘီရယ်ရှိတယ်’

“ဟုတ်ပါပြီ ခိုင်းစားနေလိုက်တာ”

အဝတ်အစားလဲပေးမယ်ဆိုတော့ အင်္ကျီချွတ်ပေးဖို့ရှိသေး အဝတ်အစားတွေယူပြီးရေချိုးခန်းထဲကိုပြေးသွားတာတန်းနေတာပင်။နိုင်စားချင်တဲ့အပြင် ရှက်လည်း ရှက်တတ်သေးသည်။
အဝတ်အစားလဲပြီးထွက်လာတာနဲ့ လက်ကိုဆွဲပြီး အမြန်သွားဖို့ ပြင်နေပြန်သည်။

‘ကော်ဖီဆိုင်ကို ခရမ်းဖျော့လေးပဲသုံးထားတယ်၊မောင်မကြိုက်တာကို ဟိုရောက်ရင် စိတ်ကြိုက်ပြင်နော်’

“ကိုကိုကြိုက်တာက မောင့်အကြိုက်ပါပဲ”

‘ကားကိုသေချာမောင်းနော်...ကိုကိုအိပ်ပြီးပဲလိုက်မှာ’

“ငပျင်းလေး အိမ်မှာနေဆိုတော့လည်းမနေဘူး”

‘မနေချင်ပါဘူး၊ဒီလောက်ငယ်ငယ်ချောချောယောကျ်ားရထားတာကိုစိတ်ချပြီး ဘယ်မှမလွှတ်ချင်ဘူး၊အူတိုစရာတွေဖြစ်လာမယ်’

“ပြောင်းပြန်တွေ ပြောပြန်ပြီ၊မောင့်ကို ဘယ်သူမှမကြိုက်ဘူး ကိုကို့ကိုသာ မောင်က စိတ်ပူရမှာ၊”

‘တော်ပြီ မသိဘူး။အိပ်တော့မယ် ရောက်ရင်နှိုး...ဒါပဲ!!!’

“ကုတ်အင်္ကျီကိုခြုံထားလိုက် နွေးတော့ ပိုအိပ်လို့ကောင်းတယ်”

‘အလိုက်အသိဆုံးပဲ၊အိမ်ပြန်ရောက်မှ ဇက်ကြောဆွဲခိုင်းရမယ်’

You are the Only One  ( ✔ ) Where stories live. Discover now