• 20 •

1K 119 29
                                    

Uni

"မေမေ"

ခပ်တိုးတိုးကခေါ်သံကိုကြားသွားသည်ထင်၊အံ့သြသွားတဲ့မျက်၀န်းတွေနဲ့ မေမေကကြည့်လာသည်။

'သား ဂျောင်ကု၊ဒါကသားရဲ့ဆိုင်လား´

"ဟုတ်တယ်၊ကိုကိုက ကျွန်တော့်အတွက် ဖွင့်ပေးထားတာ"

'မေမေက ဒီတိုင်းကော်ဖီဆိုင်လေးတွေ့တော့ သောက်ချင်တာနဲ့ ၀င်လာလိုက်တာ၊သားဆိုင်ဆိုတော့ သား အဆင်မပြေရင် မေမေ ထွက်သွားပေးပါ့မယ်´

"ရပါတယ်၊ကျွန်တော် အဆင်ပြေပါတယ်"

သူ(မ)ထိုင်နေလိုက်တော့ ခဏအကြာ ကော်ဖီခွက်နဲ့ကိတ်မုန့်လေးယူလာပေးပြီး ခုံမှာ၀င်ထိုင်လာသည်။အရင်တစ်ခေါက်တွေ့တုန်းကထက် မျက်နှာလေးတွေ ပြန်ပြည့်လာပြီး ပိုတည်ငြိမ်လာသည့် သားကိုကြည့်ပြီး သားချစ်ရသူကို တကယ်ကိုကျေးဇူးတင်မိသည်။အရှေ့မှာထိုင်နေတဲ့ သားက တစ်ခုခုမေးချင်နေပုံရပေမဲ့ ဘာမှပြောမလာတာကြောင့် သူ(မ)ဘက်ကပင် စပြောရုံသာ။

'သားအဖေကမရှိတော့ဘူး။မနှစ်ကပဲဆုံးသွားတယ်၊သူ သားကို တွေ့သွားချင်ခဲ့တာ ဒါပေမဲ့ သားရဲ့
သတင်းတောင်အစအနရှာမရခဲ့ဘူးလေ´

မျက်ရည်ကြည်တွေရစ်၀ိုင်းလာပေမဲ့ ဘာစကားမှပြန်မဆိုလာတဲ့သားက သူ(မ) အမေမပီသခဲ့လို့ ခံစားရတာတွေက အရွယ်နဲ့မလိုက်အောင် များလွန်းခဲ့သည်မလို့ ဒီကလေး
ရှေ့မှာ ထိုင်နေရတာတောင် အပြစ်ရှိသလိုခံစားရသည်။

'နောက်ပြီး သားအဖေက မိသားစုရှေ့နေနဲ့သားအတွက် အမွေတွေလည်း စီစဥ်ပေးခဲ့တယ်။သူ အဖေတစ်ယောက်ရဲ့ အတ္တနဲ့ဆုံးဖြတ်ခဲ့တာတွေအတွက်လည်း သားအပေါ်တောင်းပန်််တယ်တဲ့၊အဲ့အချိန်က သား သာသူ့ရှေ့ပြန်ရောက်လာမယ်ဆို သူဆော့ဂျင်လေးနဲ့ တခမ်းတနားလက်ထပ်ပေးပြီးသဘောတူပေးမယ်ပြောခဲ့တာ၊အကုန်လုံးက မေမေ့အပြစ်တွေချည်းပါပဲ သားကိုတောင်းပန်ချင်နေခဲ့တာ မေမေက ခွင့်လွှတ်ခံရဖို့တောင် မတန်တဲ့ အမေတစ်ယောက်မလား´

သူ့ရှေ့မှာတင် သူ(မ)အမှားတွေကိုပြောပြရင်း ငိုနေတဲ့ မေမေကြောင့် ဂျောင်ကုလည်း ရင်ထဲကနာသည်၊အချိန်တွေလွန်မှ သိရတဲ့ အမှန်တရားတွေထဲ အဖေက သူ့အပေါ် ကောင်းပေးခဲ့သားနဲ့ နောက်ဆုံးချိန်တောင် တူတူမရှိပေးနိုင်တဲ့ သားဆိုးတစ်ယောက်ဖြစ်ခဲ့သည်လေ။မေမေ့အပေါ်လည်း ဥပက္ခာ‌တွေနဲ့ကလေးဘဝကိုကြီးပြင်းခဲ့ရလို့သာ ကလေးဆန်ဆန်ပြောခဲ့ပေမဲ့ အခုချိန်ထိ မမုန်းခဲ့ဖူးတာအမှန်ပင်။

You are the Only One  ( ✔ ) Where stories live. Discover now