• 10 •

1.3K 147 44
                                    

Uni

‘ပြင်လို့ ပြီးပြီလား ကော်ဖီဆိုင်သွားကြည့်ရအောင်’

“ပြီးပြီ ကိုကို”

‘ကားကို ကိုကိုပဲ မောင်းမယ်နော်၊အဲ့ဘက်တွေကျ လမ်းကို ကိုကို ပိုကျွမ်းတယ်’

“ကို့ကိုသဘောပါဗျာ”

ကိုကို့သဘောဆိုတာနဲ့ လိုချင်တာရတဲ့ပုံစံနဲ့ ပြေးသွားပြီး ကားထဲဝင်ထိုင်သည်၊သူလည်း အနောက်ကနေအမြန်လိုက်ပြီး ဝင်ထိုင်တော့ လက်ကိုလာကိုင်တာ တင်းခနဲပင်။

‘အာ...အားဆေးလေးပဲ ကိုကို့ရဲ့မောင်က’

“ပြောတော့ သူများကို အသားယူတယ်တဲ့ သူချည်းပဲယူနေပြီးတော့”

‘မကြိုက်လို့လား မကြိုက်ရင် တစ်လေထဲတောင် မရှူဘူးနော်
Mask တပ်ထားလိုက်မယ် သိဖို့။’

“Mask တပ်ထားလည်း တစ်လေတည်းပဲမဟုတ်ဘူးလား”

‘ရှုရတဲ့ လေပိုသန့်သွားတယ်လေ’

“ဟုတ်ပါပြီ ကိုကိုရယ်...မကြိုက်တာလည်း မဟုတ်ပါဘူး။ဂျွန့်အပိုင်လေးကို စချင်လာလို့”

‘သိပေမဲ့လည်း တစ်ပြားမှအကြောမခံပါဘူးလေ။’

“တကယ်မလွယ်စိန်လေး”

‘သူက ပိုမလွယ်တာကိုများ၊ကော်ဖီဆိုင်ကလေ ကိုကို အရင်နေခဲ့တဲ့ တိုက်ခန်းနားမှာ...အဲ့ကနေ နောက်တစ်လမ်းကျော်မှာဆို မောင့်ရဲ့အိမ်ရှိတယ်’

“အဲ့တာတော့ မောင် သိတယ် ကိုကို။ကိုကို့ကို ဖွင့်ပြောတဲ့နေ့က ကိုကိုစိတ်ဆိုးနေတာလေ အာ့ကြောင့် မာရသွန်ပြေးသလိုပြေးလာရတာ”

‘အဲဒီကတည်းက မောင်က သိပ်ချစ်ဖို့ကောင်းတာဆို’

“အခုက အဲ့နားမှာပဲဆိုတော့ မောင်တို့အတိတ်တွေ အများကြီးရှိနေမှာပဲ”

‘မောင်...ကိုကို့ကို ထားမသွားဘူးမလားဟင်
ထပ်ပြီးတော့ ရွေးချယ်မှုတွေ ရှိလာခဲ့ရင် မောင် ပင်ပန်းမှာစိုးတယ်၊အဲ့တာကြောင့် ကိုကို့ကိုလွှတ်ချဖို့ ပြောပေမဲ့ ကိုကိုတကယ်မနေနိုင်လောက်ဘူးထင်တယ်’

“အတိတ်တွေက မကောင်းမှန်း မောင် သိနေပါပြီ။ဖြစ်ရပ်တစ်ခုချင်းစီတိုင်းကို သေချာ လိုက်မမှီတာပဲရှိတယ်၊ကိုကို မောင့်ကို
ထားသွားတယ်ဆိုတာလည်း အကြောင်းအရင်းတွေရှိခဲ့တာပဲ၊ဒါကလည်း မောင့်အမှားမကင်းဘူးဆိုတာ သိသာနေပါတယ်”

You are the Only One  ( ✔ ) Where stories live. Discover now