Part(4)

4.7K 170 0
                                    

          အပိုင်း(၄)

"သသ တံခါးဖွင့်စမ်း...သသ ဒုန်း..."

စည်းစိတ်တိုလာပြီး တံခါးကို တဒုန်းဒုန်းနဲ့ထုရိုက်ပေမဲ့ ရေချိုးခန်းထဲက တုန့်ပြန်သံမကြားရသေးပေ။

"တောက်စ် ဒုန်း..."

ရေချိုးခန်းတံခါးကို ဖျက်လိုက်ကာ အထဲလိုက်ဝင်လာတော့ ရေပန်းအောက်မှာ ဒူးတုတ်ထိုင်နေတဲ့ သသ...

"သသ..."

လက်မောင်းကို ဆွဲရမ်းလိုက်တော့ ခန္ဓာကိုယ်ကပါလဲကျလာတာကြောင့် စည်းဖမ်းဆွဲထားလိုက်သည်။

"သသ..."

"ဟင့်..."

ရှိုက်သံတစ်ချက်သာထွက်လာတာကြောင့် စည်း သသ ခန္ဓာကိုယ်ကို ပွေ့ချီလိုက်သည်။

"ဝါဝါ အဝတ်လဲပေးလိုက်..."

"ဟုတ်ကဲ့ပါ သခင်လေး..."

ဝါဝါကို အဝတ်လဲခိုင်းလိုက်ပြီး အပြင်ကို ထွက်လာလိုက်သည်။

"Black..."

"ဟုတ်ကဲ့ပါသခင်လေး..."

"သီဟသူကို ရှာတွေ့ပြီလား..."

"ရှာနေပါတယ် သခင်လေး အလွန်ဆုံးပြေးနိုင်ရင်တောင် ဒီနေ့တစ်ရက်မကျော်ပါဘူး..."

"မကောင်းသတင်းတွေဖြန့်လိုက် ပြီးရင် ဒုစုံစမ်းရေးမှူးဆီကို အလုပ်ထုတ်နိုင်ဖို့ သက်သေပို့ပေးလိုက် မနက်ဖြန် သတင်းမှာ ‌ကိုယ့်ကိုကိုယ်သတ်သေတဲ့သူအဖြစ် ပါပါစေ စည်းချက်ညီညာရဲ့လူကိုထိတဲ့အတွက်  မကောင်းတဲ့လူအဖြစ် လောကကြီးကို နှုတ်ဆက်သွားပါစေ..."

"ဟုတ်ကဲ့ပါ သခင်လေး..."

အရင်က Blackသိတဲ့ သခင်လေးက လူတစ်ယောက်ကို လွယ်လွယ်မသတ်ပါဘူး။ ထူးဆန်းပေမဲ့ သူက မေးခွန်းပြန်မထုတ်တတ်တာကြောင့် အကြောင်းပြချက်ကို မမေးပါ။

သူ့တာဝန်က သခင်လေးရဲ့အမိန့်ကိုနာခံဖို့သာ...

စည်း Blackကိုမှာစရာရှိတာမှာပြီး သသအခန်းထဲကို ပြန်ဝင်လာခဲ့တော့ ဝါဝါက သသကိုသေချာစောင်ခြုံပေးနေသည်။

"သခင်လေး..."

"ပုံမှန်အချိန် သသပုံစံက ဘယ်လိုမျိုးလဲ
သုံးနှစ်လောက် အဲ့အိမ်မှာနေလာခဲ့တာပဲ..."

ဦးကို မုန်းခွင့်ရချင်တယ်.../ဦးကို မုန်းခွင့်ရချင်တယ်...[Completed]Where stories live. Discover now