Part(29)

3.2K 90 0
                                    

         အပိုင်း(၂၉)

သက် နောက်ဆုံးအနေနဲ့ နေခဲ့သည့်ခြံဝန်းကျယ်ကြီးကို သေချာကြည့်နေမိသည်။ ဒီအိမ်နဲ့ ခြံက သက်အတွက် အရမ်းကို အဖိုးတန်‌တဲ့နေရာတစ်ခုပါ။ ဘယ်အချိန် ကိုရီးယားကို ပြန်လာမယ်ဆိုတာ မစဉ်းစားထားပါ။ အဖေဆုံးသွားပြီဖြစ်တာကြောင့် ကိုရီးယားကို ပြန်လာဖို့ မဖြစ်နိုင်တော့ဘူးထင်သည်။ ဆွဒ်ဇလန်မှာပဲ အမေနဲ့အတူ နေဖို့ဆုံးဖြတ်ထားသည်။

ကျောင်းကိုလည်း အဲ့မှာသာ ဆက်တက်ပြီး ကောင်းတဲ့ဆရာဝန်တစ်ယောက်ဖြစ်အောင်ကြိုးစားရမည်။ သက်ရဲ့တစ်ဦးတည်းသောကျန်ရှိနေတဲ့ သက်ရဲ့အမေကို သက်လက်နဲ့ကိုယ်တိုင်ကုပေးချင်သည်။ စောင်ရှောက်ချင်သည်။

"အဖေ ကောင်းကောင်းနေရစ်ပါ "

ဦးBlackကိုတော့ သက်ရဲ့နှလုံးသားထဲမှာ အပြီးပိုင်သော့ခတ်ထားလိုက်ပြီ။ ဆုံစည်းခွင့်မရှိတော့တဲ့နောက် သက် မျှော်လင့်ချက်မထားချင်တော့ပါဘူး။ သက် ဖုန်းထဲမှာရှိတဲ့ ဦးBlackတို့နဲ့ပတ်သတ်တဲ့အရာမှန်သမျှ ဖျက်ပစ်လိုက်သည်။

သက် ပါလာတဲ့ တက္ကဆီစီးကာ လေဆိပ်ကိုစတင်ထွက်ခွါချိန် Blackလွှတ်လိုက်သည့် ကားသည်လည်း သက်အိမ်ရှေ့ကို ရောက်ရှိလာသည်။

~~~~>

"Ring>>"

လေယာဉ်ဆီသွားရန် ဂိတ်မှာ အစစ်ဆေးခံဖို့တန်းစီနေချိန်မှာ ဝင်လာတဲ့ဖုန်းကြောင့် ကြည့်မိတော့ နိုင်ငံခြားဖုန်းနံပါတ်တစ်ခုကြောင့် သက်အမြန်ပင်ကိုင်လိုက်သည်။

"ဟဲလို "

"ဒေါ်ရာရာသွေးရဲ့သမီးဖြစ်သူလားရှင့် "

"ဟုတ်ကဲ့ အမေ ဘာဖြစ်တာလဲ "

"လူနာက ရောဂါဖောက်လာလို့ အရေးပေါ်အခန်းအမြန်ဝင်ရပါမယ် လူကြီးမင်းကိုဆက်သွယ်လို့မရလို့ သမီးဖြစ်သူကို ဆက်သွယ်လိုက်တာပါရှင်"

"ဟုတ်ကဲ့ အမေကို သေချာပေါက် ကယ်ပေးပါ "

"ဟုတ်ကဲ့ အတတ်နိုင်ဆုံးလုပ်ပေးမှာပါ အဲ့အတွက် ကုန်ကျစရိတ်ကို အခု ပို့ပေးလိုက်ပါမယ် "

"ဟုတ် သက်လွှဲလိုက်ပါမယ် "

သက် ဖုန်းကို အိတ်ထောင်ထဲထည့်ကာ ဦးBlackပေးထားတဲ့ ကဒ်ကိုထုတ်၍ အမေ့ဆေးကုသစရိတ်ကို ထုတ်လိုက်သည်။ ဦးBlackဆီက ပိုက်ဆံတောင်းခြင်းက အမေ့ဆေးကုသစရိတ်အတွက်လို့ ရည်ရွယ်ထားတာကြောင့် သက်ကဒ်ကို ပြန်ပေးဖို့မစဉ်းစားထားပါ။ သက်အဖေ့ကို သစ္စာဖောက်ခဲ့ရတဲ့အတွက် သက်လိပ်ပြာလုံတယ်။

ဦးကို မုန်းခွင့်ရချင်တယ်.../ဦးကို မုန်းခွင့်ရချင်တယ်...[Completed]Where stories live. Discover now