Part(17)

3.7K 118 0
                                    

        အပိုင်း(၁၇)

"အား မလာနဲ့ "

ညသန်းခေါင်ယံအချိန် အိမ်မက်ဆိုးမက်ပြီး ချွေးစီး‌တွေနဲ့အတူ သခင် လန့်နိုးလာခဲ့သည်။

ဆံပင်တွေကြားထဲ လက်ကိုထိုးသွင်းကာ အသက်ကိုပြင်းပြင်းရှူသည်။ အတိတ်ကိုပြန်သတိရလာပြီး အိမ်မက်ဆိုးတွေကလည်း ပြန်မက်လာသည်။

ဆက်အိပ်ရင်တောင် အိပ်မပျော်တော့တာမလို့ ကုတင်ပေါ်ကဆင်းရင်း ရေခဲသေတ္တာထဲက ဘီယာဘူးတွေကို မော့သောက်လိုက်ကာ ရေခဲသေတ္တာကိုမှီရင်း ကြမ်းခင်းပေါ်ထိုင်ချသည်။

"ဆူးခတ်ပန်း တောင်းပန်ပါတယ် တစ်ကယ်ကို တောင်းပန်စကားကလွဲရင် ပြောစရာစကားမရှိတော့ဘူး"

မျက်ရည်တွေက ပါးပြင်ပေါ်ကျလာတာကြောင့် လက်နဲ့အကြမ်းပတမ်းသုတ်ရင်း ဘီယာကိုမော့သောက်လိုက်ပြန်သည်။

"အဖေ...အဖေကြောင့် ကျွန်တော် ပင်ပန်းနေရတယ် "

ဒါကို ဦးသခင်ပိုင် ကြားနိုင်မယ်ဆိုရင် သိပ်ကောင်းမယ်!

["အဖေ သား မိန်းကလေးတစ်ယောက်ကို ကားနဲ့တိုက်မိလိုက်တယ် "

"စိတ်အေးအေးထားပါ သခင် ဒီကိစ္စကိုအဖေကြည့်ရှင်းလိုက်မယ် သားခဏလောက်အိပ်လိုက်"

"ဟုတ် "

ထိုအချိန်တုန်းက ဖခင်တစ်ယောက်ဆီက အနွေးထွေးဆုံးအားပေးမှုကို ရလိုက်တာကြောင့် သခင်ယုံကြည်မိပြီး ခဏတာအိပ်ပျော်သွားသည်။]

ထိုအကြောင်းကိုပြန်တွေးမိရင်း သခင် မျက်လုံးကိုမှိတ်လိုက်ကာ အံကို တင်းတင်းကြိတ်သည်။
တစ်ကယ်တော့ ကောင်းကင်သခင်ဆိုတဲ့သူက အဖေမရှိရင် ပျော့ညံ့တဲ့သူတစ်ယောက်ပါ။

🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺

"ငါနဲ့သသ လက်ထပ်တော့မယ် "

"အဟွတ်...ဟွတ်...ဘာရီး..."

ထမင်းစားဝိုင်းမှာ စည်းကရုတ်တရက်ကြေညာလိုက်တာကြောင့် သသစားနေတဲ့ထမင်းပင် သီးသွားရသည်။

Blackကတော့ ထင်ထားတဲ့ကိစ္စမလို့ မအံ့ဩပေမဲ့ ရာသက်ပန်ကတော့ မျက်လုံးပြူးလေးနဲ့ကြောင်နေသည်။

ဦးကို မုန်းခွင့်ရချင်တယ်.../ဦးကို မုန်းခွင့်ရချင်တယ်...[Completed]Where stories live. Discover now