Part(26)

3K 104 0
                                    

          အပိုင်း(၂၆)

"စည်း ကားကိုရှာတွေ့ပြီ "

"ဘယ်မှာလဲ ငါအခုချက်ချင်း လာခဲ့မယ် "

"အင်း နေရာက The Worldရဲ့အရင်စက်ရုံဟောင်းမှာ..."

"ကောင်းပြီ ငါအခုချက်ချင်းလာခဲ့မယ် "

စည်း သခင့်ဆီက ဖုန်းရပြီးပြီးချင်း ကုမ္ပဏီကနေ ကိုယ်တိုင်ကားမောင်းကာ ထွက်လာခဲ့လိုက်သည်။ နာရီဝက်အကြာမှာ သခင့်ဆီကိုရောက်ရှိသည်။

"ကားနှစ်စီးလုံးက တစ်နေရာတည်းရှိနေတာ ပြီးတော့ ဒီနားမှာ ဘယ်သူမှမရှိလို့ မြင်တွေ့တဲ့သူရှိမှာမဟုတ်ဘူး"

"ဖုန်းရော ရှာတွေ့လား "

"အင်း ဒီမှာ "

သခင့်ဆီက ဖုန်းကို လက်လွှဲယူလိုက်ရင်း ဖွင့်ကြည့်တော့ ဘာမှပေါ်မလာပါ။ ကားထဲကိုပြန်ဝင်ထိုင်ကာ အားသွင်းလိုက်သည်။ ချက်ချင်းပင်ဖုန်းကိုဖွင့်လိုက်သည်။

"Passwordကဘာလဲ မင်းသိလား "

"အင်း Blackညီမမွေးနေ့ "

စည်းက ပါးစပ်ကနေပြန်ဖြေရင်း Blackအမြဲပြောနေကြဖြစ်တဲ့ သူ့ညီမရဲ့မွေးနေ့ကို ရိုက်ထည့်လိုက်တော့ ဖုန်းကအလွယ်တကူပွင့်သွားသည်။

ဖုန်းရဲ့wallpaper(home screen)က (၂)နှစ်အရွယ်သာရှိသေးသည့် ကလေးတစ်ယောက်ရဲ့ဖြူစင်စွာ ရယ်နေတဲ့ပုံလေးဖြစ်သည်။

"ဒီပုံက? "

"Blackရဲ့ညီမလေး "

"ဘာ!..."

"ဘာဖြစ်လို့လဲ "

သခင်စကားပြန်မပြောနိုင်ဘဲ ဆွံ့အသွားရသည်။ ဒီကလေးလေးက Blackရဲ့ညီမလေးတဲ့လေ။ ဒီကလေးက သသရဲ့ငယ်စဉ်ကပုံနဲ့တစ်ပုံစံတည်းပင်။

"အခုရှိသေးလား "

"မရှိတော့ဘူး အသက်နှစ်နှစ်ကျော်လေးမှာ စီးပွါးရေးမပြေလည်လို့ Blackရဲ့အ‌ဖေက ပေးပစ်ခဲ့တာ ဘယ်သူ့ဆီပေးခဲ့လဲဆိုတာ မသိဘူး အသက်ရှင်လျက်ရှိနေမလား သေသွားပြီလားဆိုတာတောင် မသိဘူး နေရာအနှံ့လိုက်ရှာခဲ့ပေမဲ့ မတွေ့ခဲ့ဘူး နောက်တော့ Blackလက်လျော့ခဲ့ရတယ်"

"မဟုတ်ဘူး ပေးပစ်ခဲ့တာ မဟုတ်ဘူး ရောင်းစားခဲ့တာ"

"မင်းက ဘယ်လိုသိတာလဲ "

ဦးကို မုန်းခွင့်ရချင်တယ်.../ဦးကို မုန်းခွင့်ရချင်တယ်...[Completed]Where stories live. Discover now