Part(28)

3K 91 1
                                    

       အပိုင်း(၂၈)

"ဦး.."

"ဗျာ "

"ဦးနဲ့သသတို့ရဲ့အချစ်က ခိုင်မာရဲ့လားဟင်"

"သေချာတာပေါ့ ကလေးရဲ့ "

"ဟုတ်တယ်မလား သသတို့က ဘယ်သူပဲခွဲခွဲ မကွဲဘူး အမုန်းတွေနဲ့အထင်လွဲမှုတွေကိုတောင် ဖြတ်ကျော်လာခဲ့သေးတာပဲ ဘယ်အရာကမှသသတို့ကြားထဲ မဝင်နိုင်ဘူး"

"ကလေး ဘာဖြစ်နေတာလဲ "

"ဘာမဖြစ်ပါဘူး "

‌စည်းသသမေးစေ့ကို ဆွဲယူကာ မျက်လုံးချင်စုံကြည့်တော့ သသက ခေါင်းခါကာ ဘာမဖြစ်ပါဘူးပြောရင်း စည်းရင်ခွင်ထဲအတင်းတိုးဝင်သည်။

"ဦးရဲ့ရင်ခွင်က အရမ်း‌နွေးထွေးတာပဲ "

"အမြဲတမ်းခိုဝင်ခဲ့ရတဲ့ရင်ခွင်ကို နွေးထွေးမှန်းအခုမှသိတာလား "

"အဟင်း ဦးကိုစတွေ့ကတည်းက သသထုတ်မပြောခဲ့ဘူးပေမဲ့ ဦးကနွေးထွေးတဲ့သူပဲ သသကိုမုန်းတယ်လို့ပြောပေမဲ့ အပြုအမူတော်တော်များများက သသကိုမမုန်းပါဘူး ဆက်ဆက်ထိမခံတဲ့သသကသာ ဦးကိုထိခိုက်အောင်အမြဲလုပ်နေခဲ့တာ...
ဦးသိရဲ့လား သသကိုအကျယ်ချုပ်လိုမျိုးနေခိုင်းပြီး ကိုကိုနဲ့ပေးမတွေ့တုန်းကဆို သသဦးကိုအရမ်းမုန်းခဲ့တာ ဒါပေမဲ့ အပြင်လောကကြီးက သသထင်သလိုမရိုးရှင်းခဲ့ဘူး အန္တရယ်နဲ့ကြုံရတော့ နှုတ်ကနေ ကိုကို့ကိုတောင်းတနေမိပေမဲ့ သသမျက်လုံးထဲမှာရော အတွေးထဲမှာရောက ဦးရဲ့ပုံရိပ်တွေပဲပြည့်နေခဲ့တာ ဦးကိုမချစ်ဖို့ဦးနှောက်က ဟန့်တားပေမဲ့ နှလုံးသားကမလိုက်နာခဲ့ဘူး သသညတိုင်း နှလုံးသားကို ဥပေက္ခာပြုပြီး ဦးကိုမုန်းခွင့်ရချင်တယ်လို့အမြဲဆုတောင်းနေခဲ့ရတာ...

ဒါပေမဲ့ အခုတော့ ဦးရဲ့ရင်ခွင်ကျယ်ကြီးက သသအတွက် အလုံခြုံဆုံးနဲ့အ‌နွေးထွေးဆုံး ရင်ခွင် ကမ္ဘာပေါ်မှာ နှစ်ယောက်မရှိနိုင်တဲ့ လူသားတစ်ဦးပဲ ဆိုတာ သသသိခွင့်ရခဲ့ပြီ ဦးကိုအရမ်းချစ်တယ်..."

ရင်ခွင်ထဲကနေထွက်ကာ စည်းမျက်နှာကို လက်သေးသေးလေးနဲ့ဖွဖွကိုင်ရင်း မျက်ရည်ဝဲကာ ပြောနေသည့် သသလက်ကို စည်းပြန်လည်ဆုပ်ကိုင်လိုက်ရင်း...

ဦးကို မုန်းခွင့်ရချင်တယ်.../ဦးကို မုန်းခွင့်ရချင်တယ်...[Completed]Where stories live. Discover now