Part(22)

2.8K 94 0
                                    

          အပိုင်း(၂၂)

"ဂုဏ်ယူပါတယ်စည်း ကိုရီးယားနိုင်ငံရဲ့အကောင်းဆုံးလုပ်ငန်းစုအဖြစ် အသိအမှတ်ပြုထိုက်ပါပေတယ်"

"ကျေးဇူးပါ ဝန်ကြီးချုပ် "

"ဒါဆို အခုဆောက်လုပ်မဲ့ စင်္ကြန်နံပါတ်(၆)ရထားလမ်းကို စည်းလက်ထဲအပ်လိုက်ပြီ သမ္မတရဲ့စံအိမ်တော်အတွက်ပါ ပြင်ဆင်နေရတာဆိုတော့ စည်းကိုအလုပ်ရှုပ်စေပြီ"

"ရပါတယ်ဗျာ ဝန်ကြီးချုပ်နဲ့သမ္မတတို့ ကျွန်တော့်ကို ယုံကြည်စိတ်ချစွာနဲ့အပ်တာကိုပဲ ကျေးဇူးတင်ရမှာပါဗျာ"

"သွားပါဦးမယ် နောက်ကျရင် ဇနီးနဲ့အတူ လာလည်ပါဦးစည်း "

"ဟုတ်ကဲ့ပါ ဝန်ကြီးချုပ် "

ဝန်ကြီးချုပ်နဲ့ ရထားလမ်းတည်ဆောက်ရန်အတွက် ဆွေးနွေးပြီးနောက် စည်း အိမ်ကိုသာပြန်လာခဲ့လိုက်သည်။ မနေ့ညက အလုပ်လုပ်တာနောက်ကျသွား၍ အအိပ်နောက်ကျကာ ခေါင်းတွေထိုးကိုက်နေခြင်းဖြစ်သည်။

ကားကူရှင်ကို ခေါင်းမှီချလိုက်ကာ မျက်လုံးကို ခဏတာအနားပေးလိုက်သည်။ လက်တွေက နားထင်ကို ဖိနှိပ်နေမိသည်။

Black ကားဘတ်မှန်ကိုကြည့်လိုက်တော့ အနက်ရောင်ကားနှစ်စီးက တစ်ဖက်တစ်ချက်စီကနေလိုက်လာနေသည်။ Blackလမ်းကြောင်းကို ဆော့ကစားကြည့်နေပေမဲ့ ထပ်ကြပ်မကွာလိုက်လာတဲ့ ကားတွေကြောင့်...

"သခင်လေး "

"အင်း "

"နောက်မှာ ကပ်လိုက်နေတဲ့ကားရှိတယ် သတိထားပါ"

"မျက်ခြေဖျက်လိုက် ‌ဒီနေ့ ပင်ပန်းနေတယ် "

"ဟုတ်ကဲ့ပါ သခင်လေး "

"တီ....တီ..."

လမ်းမထက်မှာ မြန်မြန်ဆန်ဆန်မောင်းနှင်နေသည့် ကားသုံးစီး ဒီနေ့မှ Black ဝန်ကြီးချုပ်နဲ့တွေ့ရမှာကြောင့် လူမရှုပ်စေရန် သူ့လူတွေကို ထားခဲ့မိသည်။

"သခင်လေး သတိထားပါ "

"ဝှီး..."

Black သခင်လေးကို  အမြန်နှုန်းကို ပိုမိုမြင့်တင်လိုက်ပြီး ဦးတည်ရာမရှိမောင်းခဲ့လိုက်သည်။ ဘတ်မှန်ကိုသာ သေချာကြည့်နေတာကြောင့် တံတားဆောက်နေသည့်ဘက်ကို ဦးတည်လိုက်သည်။

ဦးကို မုန်းခွင့်ရချင်တယ်.../ဦးကို မုန်းခွင့်ရချင်တယ်...[Completed]Where stories live. Discover now