Part(23)

3.1K 116 1
                                    

         အပိုင်း(၂၃)

"ကိုကို့ကို မုန်းသွားပြီလား "

"အခု သသ စိတ်တွေအရမ်းရှုပ်နေတယ် ကိုကို့ကို မိသားစုဝင်တစ်ယောက်လို အ‌လေးထားနိုင်ဦးမလားဆိုတာကို သသစဉ်းစားရခက်နေတယ်"

"ကိုကိုပြန်ပေးဆပ်မှာပါ ကိုကို.."

"တစ်ကယ်လို့ ကိုကို တစ်ကယ်ပေးဆပ်ချင်တယ်ဆိုရင် အဖေ့ကို တားပေးပါ ကိုကိုက အဖေ့ရဲ့သားအရင်းလေ သားအရင်းကပြောရင် အဖေသဘောတူမှာပါ
သသပြောနေတဲ့စကားတွေက ကိုကို့အတွက် မတရားပေမဲ့ သသလည်း သသချစ်ရတဲ့မိသားစုကို ကာကွယ်ချင်တယ် ကိုကို ပြီးတော့ အဖေ့ကိုလည်း မကောင်းတဲ့သူမဖြစ်စေချင်ဘူး ဒါကြောင့် အဖေ့ကိုတားပေးပါ အဖေ့ကိုတားနိုင်တာ ကိုကိုအပြင်မရှိဘူး"

သသစကားကြောင့် သခင် လက်ကိုတင်းတင်းဆုပ်ကာ သသကို မကြည့်ဝံ့တာကြောင့် ခေါင်းငုံ့လိုက်သည်။

"ကောင်းပြီ ကိုကိုတားမယ် ဒါကညီမလေးကိုကို့ကို ခွင့်လွှတ်နိုင်တဲ့နည်းဆို...ကိုကိုလုပ်မယ် တစ်ခုပဲ ညီမလေးကိုကို့ကို မမုန်းပါနဲ့"

"ကျေးဇူးပါ ကိုကို သသကိုကို့ကို မမုန်းပါဘူး"

🌺~🌺~🌺~🌺~🌺~🌺~🌺~🌺~🌺

"အစ်ကိုလေး "

သခင် စံအိမ်ဝင်းထဲက ထွက်ခါနီး ကြားဖူးနားဝရှိတဲ့အသံကြောင့် လှည့်ကြည့်လိုက်မိတော့ တွေ့လိုက်ရတဲ့ သူနဲ့အသက်မတိမ်းမယိမ်းမိန်းကလေးတစ်ယောက်...

ဒီမိန်းကလေးကို တစ်နေရာမှာမြင်ဖူးနေသလိုပင်။ ဒါပေမဲ့ ဘယ်မှာလဲဆိုတာကို စဉ်းစားလို့မထွက်...

"ဒီက!..."

"ဝါဝါပါ "

"ဝါဝါ!...မင်း မင်းကဘယ်လိုလုပ်ပြီး အသက်ရှင်နေရတာလဲ ဒီအိမ်ကိုရောဘာလို့ရောက်နေတာလဲ"

"ဒီအိမ်က ကျွန်မရှိနေရတဲ့နေရာပါ အစ်ကိုလေး ောစကတည်းက ကျွန်မအိမ်ပါ"

"မဟုတ်မှ မင်းက စည်းရဲ့လူလား"

သခင့်စကားကြောင့် ဝါဝါက မှန်ကန်ကြောင်းခေါင်းငြိမ့်ပြကာ...

"လိမ်ခဲ့မိလို့ တောင်းပန်ပါတယ် အစ်ကိုလေး "

"ထားပါ ဒါတွေကအရေးမကြီးတော့ဘူး မင်းက ဒီအိမ်မှာဆိုတော့ သသအတွက်ပိုပြီးစိတ်ချသွားပြီ ဂရုစိုက်ပေး အကူအညီတောင်းတယ်လို့သဘောထားပေး"

ဦးကို မုန်းခွင့်ရချင်တယ်.../ဦးကို မုန်းခွင့်ရချင်တယ်...[Completed]Where stories live. Discover now