part34/S-2 (unicode)

2K 20 2
                                    

34
love+love
Author blackclock

     မေ့မြောနေသူကို အသွေး ငေးကြည့်
နေမိသည်။
   ဒီလူစကားကို အသွေး မယုံမိခဲ့။
စိတ္တဇလူသားတစ်ယောက်လိုသာ
ဆက်ဆံခဲ့မိသည်။ ဘာတွေကြောင့်
ယုတ္တိမတန်တဲ့ ထူးဆန်းအံ့ဖွယ်တွေကြား
သူတို့တွေ ပိတ်မိတော့တယ် မသိ။

" ဟင် သူ နိုးလာပြီ "
"ဦး"

  အသွေး တသ ခေါ်မိတော့ စိတ်ကမသန့်။
ချစ်ရသူမဟုတ်သူနဲ့ သူမ အချိန်ကုန်ဆုံးဖူး
ခဲ့တာကြောင့်။ ဒါကြောင့်လည်း မသန့်တသန့်
စိတ်နဲ့ သတိပြန်လည်လာသူကို အားတင်းလို့
ရင်ဆိုင်ပြောဆိုမည် ပြင်တော့ လူကို ကျောပေးကာ
ဘေးတစ်ဖက်လှည့်သွားသူ။

"ငါ့နာမည် ဇင်ချမ်းပါ မိန်းကလေး၊
မင်းဟာ အမှန်တကယ်တော့ ငါ ဟိုဘက်
ကမ္ဘာတစ်ဖက်ကနေ ဖန်တီးထားတဲ့
လူတစ်ယောက်"

"ဟင့်အင်း ဦး အွန်း ဟို ဦးဇင်ချမ်း"
"ဟွန်"
"ကျွန်မ အသွေးပါ ဦးဇင်ချမ်းလို့ခေါ်မယ်နော်"
"ဟင် မင်း"
"ဟုတ်တယ် ဦးဇင်ချမ်း ရှင်မဟုတ်တဲ့
လူတစ်ယောက်နဲ့ ဟိုဘက်ကမ္ဘာမှာ
ဆုံတုန်း ရှင့်အထင်နဲ့ ဟို ဟို"

"ငါ နားလည်ပါတယ် မိန်းကလေး
မင်းတော့ ငါ့အတွက်နဲ့ ဒုက္ခများလေပြီ"

ပြောပြောဆိုဆိုနဲ့ အိပ်ရာကနေ လူကောင်း
ပကတိလို ထထိုင်လာလေသူ။

" အသွေး "
"ပြောပါ ဦးဇင်ချမ်း"
"မင်း ငါ့နောက်ကို လိုက်ရဲလား"
"ရှင်"
"ငါ ဒီကမ္ဘာထဲမှာ နေသွားတော့မယ်
အမှန်တော့ ဒီကမ္ဘာမြေဟာ ငါ့မူလမွေးဖွားဖြစ်
တည်ရာ နေအိမ်ပဲ အသွေး"

"ရှင်"
"ဘယ်လိုလဲ လိုက်မလား"
"ဒါက ဒါက ဟို အခြားသူနဲ့ ကျွန်မ"
"ရပါတယ် အသွေးရယ် မင်းမှမဟုတ်
ငါလည်း ငါ့ဘဝအတွက် မိန်းမပေါင်း
များစွာနဲ့ နေခဲ့ဖူးတာပဲ"

"ရှင် ဆိုလိုချင်တာက"
"ဒီလိုကြ အွန်း အခုလိုထူးဆန်းထွေလာ
တွေ ဖြစ်တည်လာတဲ့အရင်းအမြစ်က
မှော်ဆန်တဲ့ ကလောင်သွားရှိခဲ့တဲ့
စာရေးဆရာတစ်ယောက်ကြောင့် အင်း
သူဖန်တီးခဲ့တဲ့ ငါဆိုတဲ့ကောင်က ပတ်မွှေ
တော့ အခုလို အဖြစ်ဆန်းတွေ ဖြစ်လာတာပေါ့"

Love + Love [Normal Fiction]Where stories live. Discover now