𝖤𝗉𝗂𝗌𝗈𝖽𝖾 - 1

2K 121 28
                                    

"ဒေါက်တာ!! Third floor 202က လူနာကမူမမှန်ဖြစ်နေလို့ အဲ့ဒါ"

ရုံးခန်းတံခါးဝမှ အကူသူနာပြုလေး၏ပျာပျာယာယာအသံကြောင့် ဟိုဆော့ ကြည့်လက်စဆေးမှတ်တမ်းတချို့ကို ချက်ချင်းပိတ်ချလိုက်သည်။ ပြီးနောက် ဆရာမလေးနောက်သို့ သူ အပြေးလိုက်သွားရသည်။ သူရှိရာက ဆေးရုံ၏‌ဒုတိယထပ်ဖြစ်သည်ကြောင့် တတိယထပ်မှလူနာခန်းသို့ သိပ်ကြာကြာမလျှောက်လိုက်ရ။ ဓာတ်လှေကားမှထွက်လာပြီး ဘယ်ဘက်လျှောက်လမ်းသို့ ချိုးဝင်လိုက်သည်။ လူနာ နာမည်နှင့်အတူ အခန်း202သို့ရောက်လျှင် အထဲတွင်ရှိနေသည့်သူငယ်ချင်းဖြစ်သူ ယိုဟန်ကို တွေ့သည်။

တံခါးဖွင့်ဝင်လာသည့်တိုင် ငြိမ်သက်နေသည့်လူနာကြောင့် ဟိုဆော့ တစ်ခုခုတော့မူမမှန်မှန်း ရိပ်မိလိုက်သည်။ ခုတင်ပေါ်မှလူနာသည် တစ်‌‌နေ့ကမှ သူဦးနှောက်အကျိတ်ခွဲစိတ်ပေးလိုက်သည့် လူနာဖြစ်သည်။ ယိုဟန်က လက်ထောက်အနေနဲ့သာပါဝင်ခဲ့ပေမယ့် ခွဲစိတ်မှုကိုနှစ်ယောက်စလုံး အားတက်သရောကြိုးစားခဲ့သည်။ ခွဲစိတ်မှုကအဆင်ပြေပြေပြီးသွားသည့်အပြင် လူနာကလည်းခန့်မှန်းထားသည့်အချိန်ထက်ပင်စော၍ သတိရလာခဲ့သည်။ မနက်ကပင် သူသေချာစစ်ဆေးခဲ့ပေမယ့် ရုတ်တရက်ကြီးမူမမှန်ဘူးဆိုသောကြောင့် သူစိုးရိမ်စွာလိုက်လာခဲ့ခြင်းဖြစ်သည်။

"အော်...ဟိုဆော့ရောက်လာပြီပဲ။ ဒီမှာ လူနာကမင်းကိုတွေ့ချင်လို့တဲ့"

ပြုံးဖြဲဖြဲမျက်နှာနှင့်ယိုဟန်ကို ဟိုဆော့ မျက်မှန်အောက်မှ စူးရှသောမျက်လုံးများဖြင့် လှမ်းကြည့်လိုက်သည်။ လူနာရှိနေသေး‌သည်ကြောင့် ယိုဟန်ကို အော်ချင်ပြောချင်သည့်စိတ်ကို ဟိုဆော့ ပြန်မျိုချလိုက်ရသည်။ အ‌နောက်မှသူနာပြုလေးသည်လည်း သူ့ကိုတစ်ချက်လေးတောင်မော့မကြည့်ဘဲ အပြစ်လုပ်ထားသူလို ခေါင်းငုံ့ထားသည်မှာ ကြမ်းပြင်‌ထဲဝင်တော့မတတ်။

ပြီးမှတွေ့မယ်...

ဟိုဆော့ ပါးစပ်လှုပ်ရုံပြောလိုက်ပြီး သူငယ်ချင်းဖြစ်သူယိုဟန်ကို လက်သီးဆုပ်ပါထောင်ပြလိုက်သည်။ ပြီးမှ ခုတင်ပေါ်မှလူနာဘက်လှည့်ကာ အချိုသာဆုံးပြုံးပြလိုက်သည်။ မျက်နှာအပြောင်းအလဲမြန်လွန်းသည့်ဟိုဆော့ကို မျက်နှာချင်းဆိုင်မှယိုဟန်က တတ်နိုင်ရန်ကောဆိုသည့်အကြည့်မျိုးဖြင့် မျက်ခုံးနှစ်ဖက်ပင့်ကြည့်သည်။

𝖳𝗁𝖾 𝖡𝗅𝖺𝗓𝖾Where stories live. Discover now