𝖤𝗉𝗂𝗌𝗈𝖽𝖾 - 16

381 83 22
                                    

ဟိုဆော့ ခြံထဲဝင်လာသည်နှင့် ခုံပေါ်တွင်အဘွားနှင့်စကားလက်ဆုံကျနေသည့်‌ဂျောင်ကုက သူ့ကို အပြုံးရေးရေးတစ်ခုနှင့်အတူ ကြိုဆို၏။

"မြေး၊ အဆင်ပြေခဲ့ရဲ့လား"

"ပြေခဲ့တယ် အဘွား။ ‌ငွေတွေအားလုံးကိုဖေဖေနဲ့ပဲလွှဲခဲ့လိုက်ပြီ။ ဈေးထဲကလက်ကျန်တွေတော့ ဖေဖေကဘဏ်သွားပြီးပြန်လာရင် သိမ်းလိုက်မယ်တဲ့"

"ဟုတ်ပြီ ဟုတ်ပြီ"

အဘွားရဲ့စိုက်ခင်းထဲ ငွေရှင်းစရာရှိတာတွေသွားကူလုပ်ပြီး ဖေဖေ့ကိုစိုက်ခင်းတွင်ထားခဲ့ကာ ဟို‌ဆော့ အိမ်ပြန်လာခြင်းဖြစ်သည်။ ဒီအချိန်ဆို ကန်စွန်းဥသွားတူးမည့်မေမေ့အလုပ်ကို သူကလက်လွှဲယူလိုက်သည်မို့ ဟိုဆော့ လိုအပ်တဲ့ပစ္စည်း၊ပစ္စယာများကို ထုတ်လာခဲ့သည်။

"ဒါက ဘယ်သွားအုန်းမလို့လဲ။ အခုပဲ အပြင်ကပြန်လာတာကို"

ခြင်းနှစ်ခြင်းကိုထပ်သယ်ကာ လက်ထဲတွင်လည်း ဂေါ်ပြားအသေးစားလေးကိုတွဲကိုင်ထားသည့်ဟိုဆော့ကို အဘွားဖြစ်သူက စူးစမ်းကြည့်ကာ လှမ်းပြောသည်။ နေကလည်းတဖြည်းဖြည်းမြင့်လာသည်မို့ ဖြစ်နိုင်ရင်နားစေချင်ပြီ။ မြေးဆရာဝန်ကို ဒီလိုအလုပ်တွေခိုင်းစားတယ်ဆိုရင် ကြားမကောင်းပါလေ။

"ကန်စွန်းဥသွားတူးမလို့လေ အဘွားရဲ့။ မေမေက မနေ့ကခါးနာတယ်ပြောလို့၊ အဲ့ဒါ နားခိုင်းထားပြီး ကျွန်တော်ပဲသွားမလို့"

မိဘကိုကူညီချင်စိတ်အပြည့်ရှိသည့်ဟိုဆော့သည်တော့ အပြုံးမပျက် အေးဆေးစွာပြန်ဖြေလာ၏။ တဖြည်းဖြည်းကျယ်ပြန့်‌လာသောနေရောင်စက်ကွင်းအောက်တွင် ပြုံးရယ်နေသည့်မြေးဖြစ်သူကို ထိုင်ခုံပေါ်မှမျက်တောင်မခတ်တမ်းငေးကြည့်နေကောင်လေးအား အဘွားကသတိထားမိသွားကာ သိုဝှက်စွာပြုံးရင်း

"ဒါဆို ဒီမြေးကိုလည်းခေါ်သွားလေ။ နှစ်ယောက်ဆိုတော့ မြန်မြန်ပြီးတာပေါ့"

အဘွားကအကြုံပြုတော့ ဟိုဆော့နှင့်ဂျောင်ကု ခေတ္တမျှ မျက်လုံးချင်းဆုံမိသွားကြသည်။

"ဂျောင်ကု၊ မင်းလိုက်ချင်ရဲ့လား"

ကန်စွန်းဥက အိမ်စားဖို့အတွက်သာတူးမည်ဖြစ်သည်‌ကြောင့် များများစားစားမလိုပေ။ ပင်ပန်းသည့်အလုပ်မဟုတ်သော်လည်း ဂျောင်ကုကို စိတ်ရော၊ကိုယ်ရော အေး‌အေးဆေးဆေးအနားယူစေချင်တာကြောင့် ဟိုဆော့ လိုက်ခဲ့ပါဟု မခေါ်ဖြစ်လိုက်ခြင်းပင်။ သို့ပေမယ့် ဂျောင်ကုဆီကတော့ အဖြေပြန်မလာ။ အဘွားထံမှ လိုက်သွားလိုက်ဟူသော အမိန့်မမည်သောတိုက်တွန်းချက်တစ်ခုနှင့်အတူ ဂျောင်ကုတစ်ယောက် ဟိုဆော့ခေါ်ရာ ကန်စွန်းဥစိုက်ခင်းသို့ ပါလာတော့သည်။

𝖳𝗁𝖾 𝖡𝗅𝖺𝗓𝖾Where stories live. Discover now