𝖤𝗉𝗂𝗌𝗈𝖽𝖾 - 18

404 79 14
                                    

ခရီးမှပြန်လာပြီးနောက် ပထမဦးဆုံးလက်ခံရရှိခဲ့သောအမှုအတွက် အမှုသည်နှင့်စကားပြောပြီးရာ ကော်ဖီဆိုင်ထဲမှထွက်လာသောဂျောင်ကုသည် လက်ထဲမှဖုန်းကိုကြည့်ကာအပြုံးမပျက်။

ဝင်လာတဲ့မက်ဆေ့ဂ်ျကိုreplyပြန်နေသည့်လက်ချောင်းရှည်တွေရဲ့သွက်လက်မှုအားကိုကြည့်ခြင်းဖြင့် ထိုမက်ဆေ့ဂ်ျသည် မည်သူ့ထံမှနည်းတွေးကြည့်စရာမလို။ တစ်ချိန်က"My Doctor"ဆိုရာမှ ယခု"Ko Ko"ဟူသောနာမ်စားလေးသို့ပြောင်းလဲသွားသော ဖုန်းနံပါတ်လေးမှဖြစ်၏။

"‌‌အော်...ဂျောင်ကု"

တစ်ဖက်သို့မက်ဆေ့ဂ်ျရောက်သွားသည့်တိုင် ဖုန်းနှင့်မျက်နှာမခွာနိုင်သေးသည့်ဂျောင်ကုက ‌အသံ‌‌လာရာ အရှေ့မှလူအား ခေါင်းမော့ကြည့်သည်။ မီးခိုးရောင်coatနှင့်lawyer badgeကို ထည်ဝါစွာဝတ်ဆင်စွာသောထိုသူက ရက်ရောစွာပြုံး‌ပြနေပါသော်လည်း ဂျောင်ကု၏အပြုံးက မသဲမကွဲသာ။

"စီနီယာ၊ မတွေ့ရ‌တာတောင်ကြာပြီပဲ"

စီနီယာပတ်ဆိုသောသူသည် ဂျောင်ကုနှင့်ပြိုင်ဆိုင်မှုတို့အရင်းခံသော ရင်းနှီးမှုမျိုးဖြစ်သည်။ ဒေါက်တာယိုဟန်၏အဖေအမှုအတွက် Hwaကုမ္ပဏီနှင့်ရင်ဆိုင်ရစဉ်က တစ်ဖက်ကရှေ့နေသည် စီနီယာပတ်ဖြစ်နေခဲ့သည်။ ကျောင်းတုန်းက တော်ကြောင်း၊ထက်မြက်ကြောင်းသတင်း‌‌‌မွှေးခဲ့သည့်စီနီယာက ယခုတွင်တော့ ဂျူနီယာတစ်ယောက်ထံတွင်လှလှပပရှုံးနိမ့်ခဲ့ရသည့်အတွက် အခဲမကြေဖြစ်နေနိုင်သည်မှာမလွဲဧကန်။

"အဲ့ကတည်းပဲပေါ့။ မင်းက အဲ့လောက်ထိအကွက်မြင်နိုင်လိမ့်မယ်လို့ ငါမထင်ထားဘူး။ တစ်‌ဖက်စောင်းနေတဲ့အခြေအနေကိုချက်ချင်းပြောင်းပြန်လှန်ပစ်လိုက်တာ။ မင်းသိပ်တော်တာပဲ"

အထင်သေးမှုတစ်စွန်းတစ်စပါနေသည့်ချီးမွှမ်းမှုအတွက် ဂျောင်ကု၏တုံ့ပြန်မှုသည်အေးစက်သောအပြုံးတစ်ပွင့်။ ထိခိုက်ခဲ့ရတဲ့မာနအတွက်တုံ့ပြန့်လာသည့်စကားလုံးများသည် ဂျောင်ကုအတွက်တော့ အထွေအထူးဖြစ်မနေ။

"ဒီလိုပါပဲ အတွေ့အကြုံကနေသင်ယူရတာပေါ့။ ဘဝမှာ အရာရာကိုအမြဲပုံသေမှတ်ထားလို့မရဘူးမဟုတ်လား"

𝖳𝗁𝖾 𝖡𝗅𝖺𝗓𝖾Where stories live. Discover now