𝖤𝗉𝗂𝗌𝗈𝖽𝖾 - 23

426 75 69
                                    

တိုက်ခန်းရောက်သည်နှင့် နိုးနှင့်ပြီဖြစ်သောဂျောင်ကုသည် ဟိုဆော့၏လက်ကိုမလွှတ်တမ်းဆွဲကာ အိမ်ထဲခေါ်သွားလေ၏။

"ထိုင်အုန်း ကိုကို"

နံရံအပြည့်နီးပါးကျယ်လွန်းသည့်တီဗီ၏ရှေ့မှ ဆို‌ဖာပေါ်တွင် ဟိုဆော့ကိုထိုင်ခိုင်းခဲ့ကာ ဂျောင်ကုက မီးဖိုခန်းထဲ ဝင်သွားသည်။ ကျန်ရစ်ခဲ့သောဟိုဆော့သည် ပထမဆုံးအကြိမ်ရောက်ဖူးသော ဂျောင်ကု၏တိုက်ခန်းထဲသို့ စိတ်ဝင်တစားလိုက်ကြည့်နေမိသည်။ apartmentနေရာသည်ပင် တကယ့်ကိုဈေးမြင့်တဲ့အနေအထားမျိုးမှာရှိနေတော့ မြင်နေရသည့်အသုံးအဆောင်ပစ္စည်းတွေရဲ့ခမ်းနားမှုကို အထူးတလည် ပြောပြနေစရာမလို။

တန်ဖိုးကြီးပန်းချီကားအနည်းငယ်နှင့်အလှဆင်ထားသည့်ဧည့်ခန်းထဲတွင် မျက်စိရှေ့က ဧရာမတီဗီကြီးကိုမြင်တာနဲ့ ဟိုဆော့ ကိုယ်လေးအနည်းငယ်ကျုံ့သွားသလို ခံစားရသည်။ သူ့တိုက်ခန်းနှင့်ယှဉ်လျှင် ‌ဂျောင်ကု၏တိုက်ခန်းက အရာရာမှာ သာလွန်လွန်းနေသည်။

ခနအကြာတော့ တိုက်ခန်းအတွင်းပိုင်းကို ခေါင်းလေးလှည့်ကာ လိုက်စပ်စုနေသည့်ဟိုဆော့နားသို့ဂျောင်ကုက အအေးခွက်တစ်ခွက်ကိုင်ကာရောက်လာသည်။

"ကိုကို ကျွန်တော့်တိုက်ခန်းကိုရောက်ဖူးတာ ဒါပထမဆုံးမလား"

ဟို‌ဆော့ အအေးခွက်လေးချပေးကာ အမေးပြုတော့ ဟိုဆော့က ဂျောင်ကုကို ခေါင်းသာညိတ်ပြသည်။ သူက ဆေးရုံမှာပဲအမြဲရှိနေတတ်တာမို့ ဂျောင်ကုကသာ သူ့ဆီအမြဲမပြတ်လာတွေ့သည်။ သူ့တိုက်ခန်းကို ဂျောင်ကုက တစ်ခါ၊နှစ်ခါရောက်ဖူးပေမယ့် ဂျောင်ကု၏တိုက်ခန်းကိုရောက်ဖူးဖို့တော့ သူ့တွင် အခွင့်တစ်ခါမှမကြုံခဲ့။

"တိုက်ခန်းက ကျွန်တော်တစ်ယောက်တည်းအတွက်ဆို အရမ်းကျယ်လွန်းနေတာ။ ကိုကိုနဲ့နှစ်ယောက်နေရမယ်ဆိုရင်တော့ မဆိုးဘူး"

ဟိုဆော့က အအေးသောက်နေရင်းပင် ပြုံးဖြဲဖြဲနှင့်ပြောနေသည့်ဂျောင်ကုကို မျက်ခုံးပင့်ကာ လှမ်းကြည့်သည်။ လူကိုအသားယူရုံမကပဲ စကားနဲ့လည်းအသားယူတတ်တဲ့နေရာမှာ ဂျောင်ကုက တစ်ဖက်ကမ်း တတ်မြောက်ပါသည်။

𝖳𝗁𝖾 𝖡𝗅𝖺𝗓𝖾Where stories live. Discover now