𝖤𝗉𝗂𝗌𝗈𝖽𝖾 - 10

483 92 38
                                    

// recommended song - Can't take my eyes off you //

ပန်းရောင်စုံတို့ပွင့်လန်းနေသည့်ပန်းခြံလေးဘေးရှိကစားကွင်းငယ်လေးထဲတွင် အရွယ်စုံသောကလေးငယ်တို့က ပျော်ရွှင်စွာကစားနေကြလျက်။ တစ်ဖက်မှဘုရားကျောင်းရှေ့တွင်တော့ နောက်ဖုံးဖွင့်ထားသည့် ဗန်ကားအဖြူလေးတစ်စီးက ရပ်နေသည်။

နောက်ခန်းထဲမှဆေးပစ္စည်းနှင့် ခလေးတွေအတွက် မုန့်များကိုနေရာချပြီး ဟိုဆော့တို့တွေ အသီးသီးတာဝန်ခွဲယူလိုက်ကြသည်။

ခလေးတွေကိုအသက်လိုက်ခွဲပြီးစမ်းသပ်ဖို့အတွက် ဟိုဆော့ရယ်၊ တခြားဆရာဝန်တစ်ယောက်ရယ်တာဝန်ကျသည်။ တခြားတစ်ယောက်ဘုရားကျောင်းထဲတွင်နေရာယူရသည်။ သူကတော့ ကားနောက်ဖုံးတွင်သာလွယ်လွယ်ကူကူနေရာချလိုက်သည်။ သူ့အတွက်အကူအနေနဲ့တော့ မင်ဟွန်းကိုတာဝန်ခွဲပေးထားသည်။ ယိုဟန်အပါအဝင် ဌာနမှူးနှင့်တခြားသူတွေကတော့ ခလေးတွေကိုမုန့်ဝေဖို့စီစဉ်နေကြသည်။

ကျောင်းလေးသည် မြို့နှင့်အနည်းငယ်အလှမ်းဝေးသည်ကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးက ဆိတ်ငြိမ်သည်။ ‌ဘုရားကျောင်းသည် အုတ်အရောင်လွင့်နေသော်လည်း ခမ်းနားထည်ဝါကာ ကစားကွင်းတွင်အပြစ်ကင်းစွာဆော့ကစား‌နေကြသည့်ခလေးငယ်တို့၏မြင်ကွင်းသည်လည်း အေးချမ်းနေသည်။ ပထမဆုံးရောက်ဖူးခြင်းဖြစ်သော်လည်း အေးချမ်းဆိတ်ငြိမ်သည့်ကျောင်းဝန်းလေးကြောင့် ဟိုဆော့ အတော်လေးသဘောကျနေမိသည်။

"မင်ဟွန်း၊ ကစားကွင်းထဲက ခလေးတွေကိုသွားခေါ်လိုက်ပါ။ သူတို့ကို လက်လည်းသေချာဆေးလာပေးလိုက်နော်"

မင်ဟွန်းကိုမှာပြီး ဟိုဆော့ ‌နောက်ခန်းမှ ဆေးဘူးတွေထဲမှ လိုအပ်တဲ့ဆေးပစ္စည်းတွေကိုထုတ်လိုက်သည်။ ‌ခလေးတွေရဲ့နာမည်နှင့်ကျန်းမာရေးအခြေအနေကိုမှတ်ရန်ဖိုင်အမာလေးကိုထုတ်ပြီးနောက် မင်ဟွန်းက ခလေးတွေနှင့်အတူ သူ့အနားပြန်ရောက်လာသည်။ အနားရောက်လာသည့် ဝဖိုင့်ဖိုင့်ကလေးနှင့်မျက်နှာချင်းဆိုင်ဖြစ်အောင်တစ်ဝက်ထိုင်ချလိုက်ပြီး stethoscopeကို ခလေး၏ရင်ဘက်ပေါ်စမ်းသပ်လိုက်သည်။ သူ့ကိုစိတ်ဝင်တစားကြည့်နေသည့်ခလေးလေးကို နွေးထွေးစွာပြုံးပြလိုက်ရင်း ကျန်းမာရေးအခြေအနေကို စတင်မေးမြန်ရသည်။

𝖳𝗁𝖾 𝖡𝗅𝖺𝗓𝖾Onde histórias criam vida. Descubra agora