𝖤𝗉𝗂𝗌𝗈𝖽𝖾 - 9

435 86 11
                                    

"ဒီတစ်ခေါက်ရော ဌာနမှူးကားစီစဉ်ပေးမှာမဟုတ်လား ဒေါက်တာ"

"ဒါပေါ့၊ ကျွန်တော်တို့ဌာနမှူးက ဒီလောက်သဘောကောင်းတာ"

ဟိုဆော့၏စကားကြောင့် ဘေးတွင်ရပ်နေသည့် ဌာနမှူးက တပ်ထားသည့်မျက်မှန်ကိုကျော်ပြီး သူ့ကိုလှမ်းကြည့်သည်။ ဟိုဆော့ သွားဖြဲပြီးရယ်ပြလိုက်ရင်း လက်ထဲကဆေးပစ္စည်းစာရင်းကို သေချာပြန်စစ်ကြည့်လိုက်သည်။ သူတို့ ဦးနှောက်နှင့်အာရုံကြောဌာနက လကုန်အချိန်တိုင်း ပရဟိတအသေးစားလေးလုပ်လေ့ရှိသည်။ ဘိုးဘွားရိပ်သာတွေ၊ မိဘမဲ့ကျောင်းတွေမှာ လိုအပ်တဲ့ဆေးဝါးထောက်ပံ့မှုတွေနဲ့ဆေးကုသမှုတွေကိုပါ တစ်ခါတည်းလုပ်ပေးသည်။

ဒီတစ်ခါတော့ မြို့စွန်နားမှ မိဘမဲ့ကျောင်းလေးကို ရွေးထားသည်။ ထုံးစံအတိုင်း ဌာနမှူးကို ကားစီစဉ်ပေးရန် အပူကပ်တော့ အောင့်သက်သက်နဲ့လက်ခံရှာသည်။ ဌာနမှူးက သူတို့ကို နေ့လည်စာဆိုလည်းဝယ်ကျွေးသည်။ သရေစာဆိုလည်း နှမြောသည်မရှိ။ ဌာနမှူးက ထိုသို့သဘောကောင်းပေမယ့် သူ့ကားကိုတော့ သိပ်တွန့်တိုသည်။ ဒါကိုသိနေသည့် တစ်ဌာလုံးက ဌာနမှူးကို နည်းမျိုးစုံဖြင့် မရရအောင် ကားစီစဉ်ခိုင်းသည်။ သူတို့ဌာနတွင် ဌာနမှူးအပါအဝင်၊ ဆရာဝန်ဟူ၍ခြောက်ယောက်အများဆုံးပင်။ အကူဆရာမလေးနှစ်ယောက်လောက်နဲ့ဆို ဌာနမှူးရဲ့ကားနဲ့ဆို အဆင်ပြေဆုံးဖြစ်သည်။

"နင်တို့တွေ ငါမပေးချင်ဘူးပြောလည်း မရရအောင်ပြောကြမှာပဲမလား"

ဌာနမှူး၏မကျေမနပ်စကားကြောင့် အနားတွင်ရှိနေသည့် ဟိုဆော့တို့အုပ်စု၏မျက်နှာက ရယ်ချင်စိတ်ကိုထိန်းထားရသလို ပြုံးစိစိ။ သူတို့အကြောင်းသိနေသည့်ဌာနမှူးကတော့ ဘာမှဆက်မပြောမနေတော့ဘဲ ဆူပုပ်ပုပ်နှင့်ထွက်သွားလေသည်။

"ဒီဆေးစာရင်းတွေသေချာပြီနော်"

ဟိုဆော့ လက်ထဲကဆေးစာရင်းကို ကောင်တာမှသူနာပြု‌လေးကို လှမ်းမေးလိုက်သည်။ သူနာပြုလေးက ဟုတ်မှန်ကြောင်း ခေါင်းညိမ့်ပြတော့ ဟိုဆော့ ဆေးဌာနဆီသို့ ခြေဆန့်ရသည်။ ပရဟိတအတွက် တာဝန်ကိုယ်စီခွဲယူရသည့်အလျောက် လှူမယ့်အစားအသောက်ပစ္စည်းတွေကို ယိုဟန်ကတာဝန်ယူရပြီး သူကတော့ ဆေးပစ္စည်းတွေအတွက်တာဝန်ရသည်။ မနက်ဖြန်ယူသွားမယ့်ဆေးတွေအတွက် ဆေးဌာနတွင် ‌စာရင်းသွင်းရမည်ဖြစ်သည်။

𝖳𝗁𝖾 𝖡𝗅𝖺𝗓𝖾Where stories live. Discover now