𝖤𝗉𝗂𝗌𝗈𝖽𝖾 - 5

472 94 11
                                    

ဟိုဆော့ အခန်းတံခါးကိုတွန်းဖွင့်ပြီးဝင်လိုက်ချိန် ခုတင်ပေါ်တွင် လှဲအိပ်နေသည့်အန်တီကိုတွေ့သည်။ ဒီအချိန် အန်တီအိပ်နေကျမဟုတ်သော်လည်း ဆေးချိတ်ထားသည်ကိုမြင်တော့ ဟိုဆော့ တံခါးကိုအသာပိတ်ပြီး အခန်းထဲဝင်လာခဲ့သည်။ ခြေလှမ်းဖွဖွလှမ်းရင်း ဝယ်လာသည့်သစ်သီးခြင်းကို ခုတင်ခေါင်းရင်း‌ဘေးကစင်ပေါ်တွင် တင်လိုက်သည်။

အန်တီ့ကိုယ်ပေါ်မှလျှောကျနေသည့်စောင်ကို အသေအချာပြန်ခြုံပေးလိုက်ပြီး သစ်သီးခြင်းကိုဖောက်လိုက်သည်။ အန်တီနိုးလာသည့်အခါစားရန် လွယ်လွယ်ကူကူပန်းသီးကိုသာ ထုတ်လိုက်သည်။ အဆင်သင့်ယူလာသည့်ဓားနှင့် ပန်းသီးကိုအခွံခွာနေချိန် အန်တီက နိုးလာသည်။

"ဟာ၊ ဒီနေ့နောက်ကျတယ်"

"ဟုတ်တယ်၊ အလုပ်နည်းနည်းရှုပ်နေလို့"

"ဟွန့်"

ပန်းသီးကိုအာရုံစိုက်ခွာနေသည်မို့ အန်တီကိုမော့မကြည့်မိသော်လည်း ဟွန်းခနဲနှာမှုတ်သံကိုတော့ ပြတ်ပြတ်သားသားကြားလိုက်ရသည်။ ဒါက အန်တီစိတ်ဆိုးနေပါသည်ဟု ဖော်ပြသည့်အချက်ပင်။

"စိတ်မဆိုးပါနဲ့။ ဒီမှာ ပန်းသီးခွာနေတယ်လေ။ စားမယ်မလား"

ထိုအခါမှ အန်တီက သူ့ဘက်သို့ ခေါင်းလေး တဖြည်းဖြည်းလှည့်လာပြီး လက်ထဲက ပန်းသီးဆီသို့ အကြည့်ရောက်လာသည်။ အခွံကိုအပြီးသတ်ပြီး ပန်းသီးကို အနေတော်စိတ်ကျွေးတော့ အားရဝမ်းသာလှမ်းယူသည်။ ပန်းသီးကို သဘောတကျဝါးရင်း အန်တီက မျက်လုံးလေးတွေပျောက်သည်အထိရယ်သည်။ အရွယ်တင်သည့်အန်တီက သဘောတကျရယ်လိုက်သည့်အခါမျိုးတွင် စွဲမက်ဖွယ်ကောင်းသည့်ပုံစံတစ်မျိုးရှိသည်။ ဟိုဆော့ အန်တီ့၏ပုံစံကိုကြည့်ရင်း ရင်ထဲစို့နင့်လာရသည်။

မှတ်ဉာဏ်တွေရောထွေးပြီး အတိတ်နှင့်ပစ္စုပ္ပာန်ပင်မခွဲခြားနိုင်တော့သည့်အန်တီကို လာရောက်ဖေးမပေးမည့် မိသားစုဝင်မရှိပေ။ တစ်နှစ်လောက်ထိ သူစောင့်ကြည့်ခဲ့သော်လည်း အန်တီ့ကိုဆက်သွယ်လာသူမရှိခဲ့ပါ။ သူ့ဘက်က အစွမ်းကုန်‌စောင့်ရှောက်ပေးနိုင်သော်လည်း တခါတရံ မိသားစု၏‌နွေးထွေးမှုကိုတော့ လိုအပ်လိမ့်မည်ဟု သူထင်သည်။

𝖳𝗁𝖾 𝖡𝗅𝖺𝗓𝖾Where stories live. Discover now