𝖤𝗉𝗂𝗌𝗈𝖽𝖾 - 11

448 86 24
                                    

မတတ်သာ၍ဆွဲခေါ်ရာပါလာသော်လည်း ဟိုဆော့ မလိုက်ပါဘူးဟုငြင်းချင်သည်။ သို့ပေမယ့် စိုးရိမ်ခြင်းတို့ပြည့်လွှမ်းနေသည့် ဂျောင်ကု၏ မျက်ဝန်းနက်များကိုမြင်တော့ သူ့ရဲ့ငြင်းဆန်ချင်စိတ်လေးကို မသိမသာချိုးနှိမ်လိုက်ရသည်။

အဆင်သင့်တံခါးဖွင့်ပေးလာသောကားထဲဝင်ထိုင်ပြီးငြိမ်နေတော့ ဂျောင်ကုက ကိုယ်ကိုင်းချလာသည်။ အနီးဆုံးရောက်လာသည့်မျက်နှာဟာ သူ့ကိုမျက်နှာချင်းမဆိုင်ဘဲ ခုံမှခါးပတ်ကိုသာ အသေအချာပတ်ပေးပြီး ကားတံခါးပြန်ပိတ်သွားသည်။ သူလည်းကြောင်နေမိတာနဲ့ ခါးပတ်ပတ်ဖို့မေ့နေခြင်းပင်။

"ဒေါက်တာ နေ့လည်စာစားပြီးပြီလား"

ကားမောင်းသူနေရာတွင်ဝင်ထိုင်ပြီး ဂျောင်ကုကခါးပတ်ဆွဲပတ်နေရင်း မေးလာမှသာ ဟိုဆော့ လက်ကငွေရောင်နာရီလေးကိုငုံ့ကြည့်မိသည်။ အချိန်က နေ့လည်ဆယ့်တစ်နာရီခွဲမို့ သူသေချာပေါက် နေ့လည်စာမစားရသေးပေ။ ဌာနမှူးတို့နှင့်အတူစားမည့်အစီအစဉ်က အခုတော့အရာမထင်တော့ပေ။

"မစားရ‌သေးဘူး"

အမှန်အတိုင်းဖြေတော့ ထိုကောင်လေးက သူ့ဘက်လှည့်ကြည့်သည်။ ဘယ်ဘက်ရင်ဘက်နေရာမှ ခုနကသွေးပေသွားတဲ့နေရာကိုသာ ခေတ္တစိုက်ကြည့်ပြီး အရှေ့ပြန်လှည့်သွားသည်။

"ဒေါက်တာ အိပ်ချင်အိပ်လေ။ ကျွန်တော်ရောက်ရင်နိုးပါ့မယ်"

"မင်းက ငါ့အိမ်သိလို့လား"

အမှန်ပင် ဂျောင်ကုအား ဟိုဆော့ သူ့အိမ်လိပ်စာကို မပြောပြ‌ထားဖူးပေ။

"ဒေါက်တာ့အိမ်ကိုတော့ဘယ်သိမလဲ။ အခု ဆိုင်တစ်ဆိုင်မှာနေ့လည်စာဝင်စားမယ်လေ။ ပြီးမှ ဒေါက်တာ့အိမ်လိပ်စာ ကျွန်တော့်ကိုပြောပေါ့"

သူ့အစီအစဉ်တွေကို အေးအေးဆေးဆေးရေရွတ်သွားသည့်ဂျောင်ကုကို ဟိုဆော့ အားနာနာနှင့်ပင်မငြင်းနိုင်။ တကယ်ဆို သူလည်းဗိုက်ဆာနေပြီ။ မနက်ကလည်း အစောထွက်လာခဲ့ရသည်မို့ မနက်စာပင်ကောင်းကောင်းမစားခဲ့ရ။

စက်သံညက်ညက်ထွက်လာပြီးနောက် ကားလေးက တလိမ့်လိမ့်ဖြင့်ရွေ့သွားသည်။ ဘုရားကျောင်းထဲမှထွက်ပြီး ကားလမ်းမပေါ်ဦးတည်လိုက်ချိန် ကားထဲမှ အအေးဓာတ်စိမ့်လာသည်ကို ဟိုဆော့ခံစားမိသည်။ ဂျူတီကုတ်ထပ်ဝတ်ထားသော်လည်း တစ်ချက်တစ်ချက်ကြက်သိမ်းထရသည် အေးသည်။ ဂျောင်ကုက အအေးကြိုက်တဲ့ပုံပင်။ သူကတော့ အေးချမ်းမှုကိုသဘောကျသော်လည်း အအေးဒဏ်တော့ လုံးဝမခံနိုင်ပေ။ သူများကားပေါ်လဲလိုက်စီးသည့်အပြင် စောဒကတက်တာမျိုးတော့ မလုပ်သင့်ဟု ဟိုဆော့ထင်မိဝာာကြောင့် အအေးဒဏ်သက်သာအောင် လက်ပိုက်ပြီးသာနေလိုက်သည်။

𝖳𝗁𝖾 𝖡𝗅𝖺𝗓𝖾Where stories live. Discover now