𝖤𝗉𝗂𝗌𝗈𝖽𝖾 - 22

418 79 55
                                    

"ဒေါက်တာ"

ရုံးခန်းထဲတွင် ခွဲစိတ်မှုတွေကိုပြန်ပြီးစိစစ်နေသည့်ဟိုဆော့သည် သူနာပြုလေး၏ခေါ်သံကြောင့် အခန်းဝသို့လှမ်းကြည့်လိုက်သည်။

"အရေးပေါ်ခွဲစိတ်မှုလုပ်ရမှာမို့ ဒေါက်တာလိုက်လာပေးလို့ရမလား"

"ဟင်၊ ဒီနေ့မနက်ပိုင်းဂျူတီက ယိုဟန်မဟုတ်ဘူးလား"

ခွဲစိတ်မှုတွေအတွက် မနက်ပိုင်းကိုယိုဟန်ကတာဝန်ယူထားတာမို့ ဟိုဆော့၏တာဝန်ယူထားဆဲ လူနာတွေကိုcheckပြီး လိုအပ်တာတွေစိစစ်ပေးရုံသာ။ ယခုတွင်လည်း သူနာပြုလေး၏အခေါ်ကို မလိုက်ချင်၍မဟုတ်။ ဂျူတီချိန်ကွက်တိယူထားသည့်ယိုဟန်နှင့် အလွဲလွဲအမှားမှားမဖြစ်ချင်၍သာ။

"ဟုတ်ပါတယ်၊ ဒေါက်တာယိုဟန်လည်းခွဲခန်းဝင်နေရလို့။ နောက်caseတစ်ခုလည်းပေါ်လာတာနဲ့ ဒေါက်တာ့ကိုလာခေါ်တာပါ"

"ဟုတ်ပြီ ဟုတ်ပြီ၊ ကျွန်တော်နားလည်ပြီ။ သွားကြတာပေါ့"

ကြည့်လက်စဖိုင်တစ်ခုကိုပိတ်ခဲ့ကာ ဟိုဆော့ သူနာပြုလေးနောက်သို့ လိုက်သွားခဲ့သည်။ ထိုအချိန်မှစ၍ ဟိုဆော့၏ညနေခင်းတစ်ချိန်လုံးသည် ခွဲစိတ်မှုတွေအတွက် အသုံးပြုလိုက်ရတော့သည်။ ကြိုတင်သတ်မှတ်ထားသည့်ခွဲစိတ်မှုတွေအပြင်၊ အရေးပေါ်ခွဲစိတ်မှုတွေပါများလာခဲ့သည်မို့ ဟို‌ဆော့ ‌နားချိန်ပင်မရခဲ့။

ဒီနေ့က ဂျောင်ကု ချုပ်ရိုးဖြေသည့်နေ့ဖြစ်တာကြောင့် သူနဲ့အတူတူရှိပေးပါဆိုတဲ့ကောင်လေးကို မတတ်သာပဲ တစ်ယောက်တည်းထားရစ်ခဲ့သလိုဖြစ်စေခဲ့သည်။ သို့ပေမယ့် ဟိုဆော့လည်း မတတ်နိုင်။ ဆရာဝန်တစ်ယောက်ဖြစ်တာကြောင့်  အရေးကြီးသည့်လူနာအပေါ် အချိန်တွေပုံအပ်လိုက်ရသည့်အပေါ် ဂျောင်ကု နားလည်ပေးနိုင်မည်ဟု သူမျှော်လင့်ပါသည်။

ညကိုးနာရီထိုး‌တော့ ဟိုဆော့ ခွဲစိတ်ဝတ်စုံပင်ပြန်မလဲနိုင်တော့ပဲ နားနေခန်းပြန်လာတော့ ဂျောင်ကု၏ခွဲစိတ်မှုကို တာဝန်ယူထားတဲ့ဆရာဝန်နှင့်တွေ့သည်မို့ ဂျောင်ကု၏အခြေအနေကို မေးဖြစ်လိုက်သေးသည်။ ချုပ်ရိုးဖြေတာ အဆင်ပြေပြေပြီးသွားခဲ့တဲ့အကြောင်း၊ ဒဏ်ရာကျက်နေပြီမို့ ဆေးရုံးဆင်းချင်ရင်ဆင်းလို့ရပြီဆိုတဲ့အကြောင်းကြားလိုက်ရမှသာ ဟိုဆော့ တစ်နေ့လုံးစိတ်ပူနေခဲ့ရတဲ့အကြောင်းအရာတစ်ခုအတွက် စိတ်အေးစွာသက်ပြင်းချနိုင်သည်။

𝖳𝗁𝖾 𝖡𝗅𝖺𝗓𝖾Where stories live. Discover now