part35/S-2 (unicode)

1.8K 24 0
                                    


35love+love
Author blackclock

Chapter 25

"ဟဲလို ဦးညှို့လား ဟွန်"

ကြားလိုက်ရတဲ့ အသံက ချွဲချွဲပျစ်ပျစ်။
ဦး ရေချိုးနေခိုက် မြည်လာတဲ့ ဖုန်းကို
ကိုင်မိတာ အမှား။

" ဘယ်သူလဲ ၊ ဦး ရေချိုးနေပါတယ် "
"တို့နာမည် သင်းခက်ပါ"
"အဲ့ဒီတော့"
"ဦးညှို့ ပြီးရင် ဖုန်းခေါ်ပါဦးလို့ ပြောပေး"

"ကောင်းပြီ"

သွေး ဖုန်းချလိုက်တဲ့အခါ မျက်စိမျက်နှာ
ပျက်ကာ ထွက်လာလေတဲ့ လူရီး။

"ဖုန်းလာတာလား သွေး"

သွေး စကားမပြောချင်။ ခါးကို တဘတ်မပတ်
ပဲ ကိုယ်လုံးကျွတ်ကြီးနဲ့ ဖုန်းကို ပြေးဖွင့်ကြည့်
နေတဲ့သူ။ မုန်းချင်စရာ။ မိန်းမသစ်နဲ့ ပျော်ပါး
၊ကမ္ဘာသစ်မှာ ကိုယ့်ကို ပလစ်ပြီး အသစ်တွေကြား
ပျော်မွေ့စံစားနေတဲ့ လူ။

" ဘာဖြစ်နေပြန်တာလဲ မျက်နှာက
သားငယ်ကို အပြင်လိုက်ပို့ရမယ်
ပြင်လေကွာ"

"သွေး မလိုက်ချင်ဘူး ကိုယ့်ဖာသာ သွား"
"ဘယ်လိုဖြစ်နေတာလဲ ကလေးရာ ဟင်
ဘာကို အလိုမကျနေတာလဲ"

"ဦးဖာသာ သိပေါ့ ဖယ်ပါ လာမထိနဲ့"
"မဆိုးနဲ့ကွာ ဘာတွေ ဖြစ်နေတာလဲ"

"မသိဘူး သွားဆိုနေ ဘာလို့ လာဖက်နေတာလဲလို့
ကျွန်မက အသွေးမြတ်လျှံခြယ် ရှင့် တသားထဲ သား
နေတဲ့ ကလေးရဲ့ အမေ မဟုတ်ဘူး
ဖယ်ဆိုနေ လွှတ်"

"ကျစ် အူတိုနေတာပါ့လား လာပါ ချစ်ကလေးရာ
ဦးကို စိတ်ကောက်ချင်လည်း ဦး အနားမှာနေပြီး
ကောက် တစ်ယောက်ထဲတော့ မနေခဲ့နဲ့ကွာနော်
မြွေဖြူ ပေါ်လာရင် ဘေးတွေ့နေပါ့မယ်"

ဦးညှို့နက်ခွဖက်ထားကာ ပြောလိုက်တဲ့
အချိန် ကြက်သီးမွှေးညှင်းထောင်ကုန်လေပြီ။
သွေး အိနြေ္ဒဆယ်ကာ စိတ်ကောက် ခြေဆောင့်
ရင်း မှန်တင်ခုံရှေ့ သွားထိုင် ပြင်လိုက်သည်။

ဦးချောကြီးကတော့ အဝတ်လဲနေလေရဲ့။

" ဦး ပြင်ဆင်ပြီးပြီဆိုတော့ သားငယ်ကို
ပြင်ပေးဆင်ပေးဖို့ သွားဦးမယ်နော်"

Love + Love [Normal Fiction]Where stories live. Discover now