အပိုင်း ၁ (Z/U)

1.3K 49 7
                                    

Zawgyi

"ဟိတ် အခြောက်ရဲ့ညီလေး မင်းအစ်ကိုအခြောက်ကော အချိန်အားရဲ့လား"

ဝေယံဟိန်း ကျောင်းပြန်ချိန်ဆို တွေ့ပါပြီဒီအုပ်စုနဲ့။မတွေ့ချင်လို့ရှောင်ရင်လဲရှောင်သွားလို့လဲမရ ကွေ့ချင်ရင်လဲကွေ့သွားလို့လဲမရ မတက်သာတဲ့အဆုံး သူတို့နဲ့တွေ့ရသည်။တွေ့တိုင်းလည်း စကားများရင်များ မများရင်ရန်ဖြစ်တတ်သည်။ကိုးတန်းမို့ စာကြိုးစားချင်သော်လည်း ဒင်းတို့ကြောင့် အာရုံနောက်ရပါသည်။သူ့ကိုသာ စော်ကားရင် ရပင်မဲ့ အစ်ကိုဖြစ်သူ ကိုကိုတိုး ခေါ် မမတိုးကို စော်ကားရင် သူမခံနိုင်ပါ။သို့ပင်မဲ့ သူတို့နဲ့တွေ့တိုင်းလည်း မမတိုးကို ရက်ကွက်ထဲက ယောကျာ်းတိုင်းနဲ့လိုက်ပေးစားကာ စော်ကားပုတ်ခက်ပြောဆိုတတ်သည်။မမတိုး အကြောင်းတစ်အိမ်တည်းနေသူဝေယံဟိန်းကမသိပဲနေမည်လား။အခုလည်း ကျောင်းဆင်းအိမ်ပြန်ချိန် အိမ်သို့ပြန်နေစဉ်လမ်းတွင် ရက်ကွက်ထဲက ခွေးဆိုးသုံးကောင်က အရှေ့ကတား၍ ရန်စနေပြန်လေသည်။

"ဟာမင်းကလဲ အားပါ့မလားဟ အခုချိန်အဲ့အခြောက်မက အချိန်ကောင်းရှိနေလောက်တယ်"

"ဟုတ်တယ်ကွ ဟိုနေ့က ရပ်ကွက်ထဲက ဗိုက်ပူကြီး ဉီးပေါက်စီနဲ့တောင်စကား ပြောနေတာ တွေ့လိုက်သေးတယ် ငါအထင်ဉီးပေါက်စီကြီးနဲ့ဖင်သွားချနေတယ်ထင်တယ် ဟား ဟား"

ဝေယံဟိန်း ပြန်ပြောရန်ပြင်နေစဉ် တွင် အနောက်ကနေ အသံထွက်လာလေသည်။

"ဟဲ့ ငခွေးသုံးကောင် ငါ့ဟာငါ ဘယ်သူနဲ့ပဲ ဘာလုပ်လုပ် နင်တို့စောက်ပူပါရဲ့လား"

ထိုသို့ပြောကာ ဝေယံဟိန်းရဲ့တစ်ဉီးတည်းသောမမတိုးက ဝေယံ့အနားရောက်လာသည်။ဝေယံအနားရောက်လာတော့ မမတိုးက ဝေယံ့ကိုကြည့်ကာ ပြုံးပြလာပြီး ပြောလေသည်။

"ဝေယံလေး ဒီနေ့ကျောင်းတက်ရတာ အဆင်ပြေလား"

"ဟုတ်ကဲ့ မမတိုး အဆင်ပြေပါတယ်"

ဝေယံပြောပြီးသည့်နောက်မမတိုးက ဝေယံ့ကို ခေါင်းငြိမ့်ပြကာ ဝေယံ့တို့ရှေ့တွင်လမ်းပိတ်ထားတဲ့ ဟိုသုံးကောင်ကိုကြည့်ပြီးစကားဆိုလေသည်။

ဖြူလွှနှင်းဆီချစ်၏ သို့သော်.......Where stories live. Discover now