အပိုင်း ၁၈ (Z/U)

122 14 2
                                    

Zawgyi

"သား ဒီအခန်းရှေ့မှာ ဘာလုပ်နေတာလဲ"

ကောင်ကလေးက သူ့အမေ့ကိုပြေးဖက်ကာပြောလိုက်လေသည်။

"မေမေပြန်လာပြီလား"

"အင် မေမေ သားကြိုက်တဲ့ဆိုင်ကနေ မုန့်ဝယ်လာတယ်"

"မေမေ ဖေဖေကလေ ဒီအခန်းထဲကို သားမသိတဲ့အန်တီတစ်ယောက်နဲ့ ဝင်သွားတယ် နောက်ပြီး အသံတွေလည်း ကြားနေရတယ် ဘာဖြစ်နေတာလဲဟင် ဖေဖေက အဲ့အန်တီကိုရိုက်နေတာလားဟင်"

ဒေါ်နှင်းဆီတစ်ယောက် သားဖြစ်သူ​စကားကြောင့်လန့်သွားပြီး သားကိုဖက်ကာပြောလိုက်လေသည်။

"သားမေမေတို့အောက်ဆင်းရအောင်နော် သားအဖေက အလုပ်လုပ်နေတာပါ သားရဲ့ "

ဒေါ်နှင်းဆီက ထိုသို့ပြောရင်း ထိုအခန်းကို ဒေါသနဲ့တစ်ချက်ကြည့်ပြီးနောက် သားဖြစ်သူကို ချီကာ အောက်ဆင်းလာလေသည်။ကျလာတော့ မျက်ရည်ကိုခိုးသုတ်ရင်း သားဖြစ်သူကိုမြူကာ​မေးလိုက်လေသည်။

"မေမေ့ သားလေး မေမေအလုပ်သွားနေတုန်း ပျင်းနေတာလားဟင် အန်တီနွယ်က သားကိုမုန့်လုပ်ကျွေးလား"

"ကျွေးတယ် ဒါမဲ့ တားတားက မေမေ ဝယ်ကျွေးတယ်မုန့်ပဲ စားချင်တာ"

"ဟုတ်ပါပြီ ငါ့သားရယ်"

"ကိုကျော် ရှင်ကျွန်မသားရှေ့မှာတော့ ဆင်ခြင်သင့်တယ်လေ"

"မင်းဘာတွေ လာပွားနေတာလဲကွာ အလုပ်လုပ်ရတာ အဆင်မပြေရတဲ့ကြားထဲ ငါ့ဘာသာအေးဆေး အရက်လေးတော့ သောက်ပါရစေ"

မိန်းမဖြစ်သူက ထမင်းစားပွဲဝိုင်းတွင် ထိုင်ကာ အရက်သောက်နေသော ယောကျာ်းဖြစ်သူကိုကြည့်ကာ ပြောလေသည်။

"အော် ရှင်က အလုပ်ကျအဆင်မပြေဘူး ပြောတယ် အိမ်ကိုကျတော့ မိန်းမတစ်ယောက်ခေါ်ပြီး ပျော်ပါးနေတယ် ရှင့် ကျွန်မအပေါ်အဲ့လိုလုပ်ရင်တော့ ကျွန်မဘာမှ မပြောလိုပါဘူး ဒါမဲ့ သားရှေ့တော့အဲ့လိုမလုပ်ပါနဲ့ရှင်"

"ငါက လုပ်ချင်လို့လုပ်နေတယ်များထင်နေလား မင်းက သားကိုခေါ်သွားတယ်လို့ ထင်တာပေါ့  အရင်နေ့တွေကလည်း ခေါ်သွားနေကျကို သူ့ဘာသာ တွေ့သွားတာကိုတော့ငါလည်း မတက်နိုင်ဘူး"

ဖြူလွှနှင်းဆီချစ်၏ သို့သော်.......Where stories live. Discover now