အပိုင်း ၇ (Z /U)

184 21 4
                                    

Zawgyi

သွေးတစ်ယောက်  ဂိမ်းထိုင်ဆော့နေသော ကိုခန့်လေးဘေးနားသွားထိုင်ကာ စကားပြောလိုက်လေသည်။

"ကိုခန့်လေး မင်းတက္ကသိုယ် ဘာတက်မှာလဲ"

ထိုအခါ ဂိမ်းဆော့နေရင်း ခန့်က ပြောလာလေသည်။

"စီးပွားရေးတက်မှာ ငါ့မိသားစုရဲ့ အလုပ်ကိုဆက်ခံပေးရမှာ ငါတစ်ယောက်ပဲရှိတယ်"

"မင်းကလည်း မင်းမိဘတွေက အဲ့စီးပွားရေးလုပ်နေလို့မင်းကိုဂရုမစိုက်နိုင်ပဲ အိမ်မှာ မင်းတစ်ယောက်တည်းထားခဲ့တာကိုတောင် မင်းကမင်းမိဘတွေရဲ့ စီးပွားရေးကိုဆက်ခံချင်သေးတယ်နော်"

ဟုတ်ပါသည်။ကိုခန့်လေးက အိမ်အကျယ်ကြီးမှာ အိမ်စေတွေနဲ့အတူတစ်ယောက်တည်းနေရသူဖြစ်သည်။မိဘဖြစ်သူတွေက အလုပ်ဖြင့် ဟိုသွား ဒီသွားလုပ်နေကြသူမို့ ကိုခန့်လေးကိုလှည့်မကြည့်နိုင်ကြပေ။သို့သော်တစ်လတစ်ခါတော့ ကိုခန့်လေး အတွက် ပိုလျံသောပိုက်ဆံတွေကို ပို့ပေးလေသည်။သို့ပင်မဲ့ဘယ်လောက်ပဲများသောပိုက်ဆံတြွေဖစ်ပါစေ နွေးထွေးသောမေတ္တာတွေထပ် ပိုကောင်းမည်တဲ့လား။သွေးရဲ့ အဖေနဲ့ အမေက သွေးကိုချစ်ပေးကြပင်မဲ့ သူတို့အချစ်က တကွဲတပြားစီဖြစ်နေသည်။ထို့ကြောင့် အထီးကျန်လှသော်သွေးနဲ့ ကိုခန့်လေးတို့မူလတန်းလောက်ထဲကတွေ့ကြပြီးပေါင်းမိသွားကြခြင်းဖြစ်ပါလိမ့်မည်။သွေးနဲ့ ကိုခန့်လေးတို့ဘဝက မခြားနားလှပေ။သွေးက ပြောတော့ ကိုခန့်လေးက ဂိမ်းဆော့မပြတ်ပဲပြောလာလေသည်။

"ငါ့မိဘတွေ အခုလိုစီးပွားရေးလုပ်နေလို့ပဲ ငါအခုလို့သူများတွေထပ်သာအောင်သင့်တောင်းသင့်တယ်နေနိုင်တာမို့လား ဒါကြောင့်လည်း ငါ့မိဘတွေ လုပ်တဲ့အလုပ်ကို ငါဆက်ခံဖို့ဆန္ဒရှိတယ်"

ထို့အခါ သွေးက ကိုခန့်လေးကိုစသလိုနဲ့ ပြောလိုက်လေသည်။

"ဘာလဲ မင်းက မိန်းမယူပြီးမင်းရတဲ့ကလေးတွေအတွက်ပါ မင်းမိဘတွေလိုပဲ သင့်တောင်းသင့်တယ်ထားနိုင်အောင် အလုပ်လုပ်ပြီး ကြိုးစားမလို့လား"

ထိုစကားကိုကြားသောကိုခန့်လေးက သွေးကိုမကြည့်ပဲ ဂိမ်းဆော့နေရင်းနှင့်ပင် ပြတ်သားသောစကားတစ်ခွန်းပြောလာလေသည်။

ဖြူလွှနှင်းဆီချစ်၏ သို့သော်.......Where stories live. Discover now