အပိုင်း ၁၃ (Z/U)

179 21 2
                                    

Zawgyi

ဝေယံတစ်ယောက် ဟိုလူရဲ့သားကြောင့်မနက်ကတည်းက အိမ်ကနေထွက်လာပြီး သူငယ်ချင်းအိမ်သို့မသွားပဲ ရွာကိုတစ်ပတ်ပြည့်အောင်လျောက်သွားနေပြီးနောက်  ရွာထိပ်ရဲ့ရွာထဲဝင်ရာလမ်းရှိသရက်ပင်ကြီးအောက်တွင်ထိုင်နေလေသည်မှာ နေ့လယ်ခင်းတောင်ရောက်နေလေပြီ။။ထို့နောက် ထိုင်နေရင်း ခုနက မမတိုးရဲ့စကားကိုပြန်ကြားယောင်ကာ ဒေါသထွက်လာပြီး မက်တပ်ရပ်လိုက်ကာ  စိတ်တိုတိုနဲ့ ခြေထောက်နားမှာရှိနေတဲ့ ခဲလုံးကိုလှမ်းကန်လိုက်လေသည်။

"အား!! နာလိုက်တာ"

ထိုအခါ ဝေယံကန်လိုက်တော့ ခဲလုံးက မမတိုး နဲ့ရွယ်တူရှိလောက်တဲ့ အမျိုးသမီးကို သွားထိလေသည်။ထိုအမျိုးသမီးက ကားပေါ်က ဆင်းလာလာချင်း ဝေယံကန်လိုက်တော့ခဲလုံးကြောင့် ခြေထောက်ကိုနာသွားသဖြင့် ကားထဲကားတံခါးမပိတ်ပဲ ဘေးစောင်းပြန်ဝင်ထိုင်ရင်း
ခြေထောက်ကိုကြည့်နေလေသည်။ဝေယံလည်း ကိုယ့်လုပ်ရက်ကြောင့် လူတစ်ဖက်သားထိခိုက်သွားသဖြင့် ထိုအမျိုးသမီးဆီ အမြန်လျောက်သွားကာ မေးလိုက်လေသည်။

"အဆင်ပြေရဲ့လား ကျွန်တော် မမြင်လိုက်လို့ကန်လိုက်မိတာပါ ဘယ်နား နာသွားလဲ"

ဝေယံကထိုသို့​မေးရင်း ထိုအမျိုးသမီးရှေ့ မုဆိုးဒူးထောက်ထိုင်လိုက်ကာ နာသွားလောက်တဲ့ထိုအမျိုးသမီးရဲ့ ခြေထောက်လေးကိုအသာကိုင်လိုက်လေသည်။ထိုအခါ ထိုအမျိုးသမီးက လန့်သွားသလိုနဲ့ ခြေထောက်ကို အမြန်ရုတ်လိုက်ကာ ပြောလာလေသည်။

"ရပါတယ် မလဲ သတိမထားမိပဲ ဆင်းလိုက်မိလို့ပါ အဆင်ပြေပါတယ်"

သို့သော်ဝေယံက မိမိကြောင့်ဖြစ်သွားသဖြင့် စိတ်မချနိုင်ပဲ ထပ်ပြောလိုက်လေသည်။

"ဒါမဲ့ကျွန်တော့်ကြောင့်ဖြစ်ရတာပဲ ထိသွားတဲ့နေရာကို တစ်ချက်လောက်ပြကြည့်ပါလား ဘာမှမဖြစ်ဘူးဆိုရင်တောင် ကျွန်တော် စိတ်ချရအောင်လို့ပါ"

ဝေယံက အတင်းပြောတော့ ထိုအမျိုးသမီးက ပြုံးကြည့်ကာ ပြောလာလေသည်။

"မင်းက အရမ်းကို ဇွတ်တရိုး လုပ်တတ်တာပဲ"

ထို့နောက် မြန်မာဝတ်စုံ စိမ်းပြာရောင်ဝတ်ထားတဲ့ ထိုအမျိုးသမီးက ထဘီလေးကိုမရင်း သူရဲ့ခြေချင်းဝတ်လေးကို ပြလာလေသည်။ထိုအခါ ဝေယံကအားနဲ့ကန်လိုက်သောကြောင့် ထိုခြေချင်းဝတ်လေးရဲ့တစ်နေရာတွင် နီရဲပြီး သွေးခြေဥနေသော ဒဏ်ရာလေးကိုတွေ့လိုက်ရသည်။အသားဖြူနေတာကြောင့် ဒဏ်ရာက ပိုသိသာနေသည်။ထိုအခါ ဝေယံက စိတ်မကောင်းဖြစ်စွာနဲ့ပြောလိုက်လေသည်။

ဖြူလွှနှင်းဆီချစ်၏ သို့သော်.......Where stories live. Discover now