Zawgyi
"တူ.........တူ...........တူ...........တူ.............
လူကြီးမင်းခေါ်ဆို....."မဟော်ဘက်က ဖုန်းဝင်သွားပင်မဲ့လဲ တစ်ဖက်ကမကိုင်သောကြောင့် စိတ်ညစ်ညစ်နဲ့ ဖုန်းကိုချလိုက်လေသည်။တိုးနဲ့ဖုန်းမပြောရသည်မှာ ဒီနေ့နဲ့ဆိုသုံးရက်တောင်ရှိသွားပြီ။မဟော်ခရီးထွက်ပြီးနောက်ပထမတစ်ရက်သာအဆက်အသွယ်ရပြီး နောက်ရက်တွေမှတော့ တိုးက မဟော်ကိုဖုန်းလည်းမဆက်လာသလို မဟော်ဖုန်းခေါ်ရင်လည်း မကိုင်ပေ။တိုးများအလုပ်ရှုပ်နေတာလားဟု တွေးလိုက်မိတော့လည်း တစ်ရက်တည်းဆို ထားပါတော့ သုံးရက်လောက်ဆိုတော့ တစ်ခုခုများဖြစ်နေမလားဟု တွေးပူကာ အလုပ်လုပ်ရတာတောင်အလုပ်ထဲစိတ်မရောက်ပဲ။အလုပ်တွေကို ဒီတိုင်းထားခဲ့ပြီး တိုးဆီသွားရင်လဲ အဖေက ဒီအလုပ်ကအရေးကြီးသည်ဟုဆိုသောကြောင့် မဟော်မှာ မပြန်နိုင်ပေ။ထိုကြောင့်မဟော်အလုပ်တွေကိုသာ အမြန်ပြီးအောင်လုပ်ရတော့သည်။အလုပ်တွေအကုန်ပြီးတဲ့နောက် မဟော်ပြန်လာပြီး အိမ်သို့တန်းမပြန်ပဲ တိုးဆီသို့သာထွက်လာခဲ့သည်။မဟော်တိုးတို့အိမ်ရှေ့ရောက်တော့ ကားရပ်ပြီး ကားပေါ်ကဆင်းကာတိုးတို့ခြံထဲကြည့်လိုက်လေသည်။ထိုအခါ အမြဲလိုလိုအိမ်အောက်က စားပွဲဝိုင်းတွင်ထိုင်ကာအလုပ်တစ်ခုမဟုတ်တစ်ခုလုပ်နေတတ်သည်တိုးကို ဒီနေ့တော့ မဟော်မတွေ့ရပေ။ထို့ကြောင့် မဟော် တိုးတို့ခြံထဲဝင်လာရင်း အော်ပြောလေသည်။
"တိုး မောင်ပြန်လာပြီလေ တိုးအတွက်လက်ဆောင်တွေပါလာတယ် ထွက်ကြည့်ပါအုံး"
မဟော် အော်ခေါ်သော်လည်း တစ်ဖက်ကအသံကိုတစ်စက်မှမကြားရပေ။မဟော်ထပ်ခေါ်မလို့လုပ်နေတုန်း ဝေယံလေးက အိမ်ပေါ်က ဆင်းလာပြီး မဟော်ရှေ့ရပ်ကာ စိတ်ဆိုးစွာနဲ့ပြောလာလေသည်။
"ဉီးမဟော် ကျုပ်တို့အိမ်ကို ဘာလို့ထပ်လာခဲ့တာလဲ ခင်များအရှက်မရှိဘူးလား"
မဟော် ရုတ်တရပ်စိတ်တိုပြီး ဒေါသထွက်နေသောဝေယံက မဟော့်ကို ဘာကြောင့်ဒီလိုမျိုးပြောလာတာလဲဆိုတာ မဟော်နားမလည်ပါ။ထို့ကြောင့် ဝေယံ့ကိုမေးလိုက်လေသည်။
YOU ARE READING
ဖြူလွှနှင်းဆီချစ်၏ သို့သော်.......
Fantasyမြင့်မြတ်တဲ့ ယောကျာ်းလေးဖြစ်နေပင်မဲ့ လည်း မိန်းမသားဘဝကိုသာမက်မောသော တိုး နှင်းဆီဖြူတွေကို မက်မက်မောမောချစ်တတ်သောတိုး တိုးကျော်ဆိုတဲ့ Transgenderလေးရဲ့ ဘဝကို လွမ်းမောရန်ခုန်စိတ်လှုပ်ရှားဖွယ် ဖတ်ရှုရမှာပါ