အပိုင်း ၁၁ (Z/U)

162 20 6
                                    

Zawgyi

"အဲ့တော့ မင်းအမေက ကွာရှင်းပေးမယ်တဲ့လား"

"ငါ့အထင်သူကွာရှင်းပေးလောက်တယ် ဉီးမဟော်က ငြိမ်ရင်လည်း ဘာမှမသိသလိုငြိမ်နေတတ်တာ လုပ်ပြီးဆိုလည်း သူ့လောက်ကြောက်ဖို့ကောင်းတာသူပဲရှိတယ် ကိုခန့်လေးမှတ်မိသေးလား ငါရှစ်တန်းတုန်းက ကျောင်းမတက်ဘဲ ကျောင်းတက်သလိုလုပ်ပြီး အတန်းတွေလစ်ပြီး အပြင်မှာထွက်ကဲတာလေ မင်းကိုတောင်ငါညာခဲ့ခိုင်းသေးတယ် အဲ့တုန်းကဆိုငါ့ကိုအဲ့လောက်တောင်ကဲရမလားဆိုပြီး ဘာတစ်ခုမှမပေးပဲအိမ်ပေါ်ကဆင်းခိုင်းတာလေ မင်းအိမ်ကိုတောင်ခေါ်မထားဖို့ပြောတာလေ အဲ့တုန်းကငါ့မှာ လမ်းပေါ်မှာတစ်ညလောက်အိပ်လိုက်ရတယ်အေးကလဲအေး ချမ်းကလည်းချမ်း ခြင်ကလည်းကိုက်နဲ့ အဲ့ခံစားချက်ကို အခုထိမှတ်မိနေတုန်းပဲ"

သွေးက ကိုယ့်ကိုယ်ကို လက်နှစ်ဖက်နဲ့ ပြန်ဖက်သလိုလုပ်ပြီး ကြောက်သလိုနဲ့ပြောလာလေသည်။ခန့်က အဲ့တုန်းက တစ်ကိုယ်လုံး ခြင်ကိုက်ဘုတွေနဲ့ဖျားသွားသော သွေးကိုပြန်မြင်ယောင်ရင်း ရယ်လိုက်မိလေသည်။ထို့နောက် သွေးကို ကြည့်ကာ ပြောလိုက်လေသည်။

"အဲ့တုန်းက မင်းကို အဲ့လိုလုပ်ရမလားဆိုပြီး မင်းအမေရှိတဲ့နေရာကိုပဲ နှစ်နှစ်လောက်ထွက်သွားခဲ့တာမလား အဲ့တော့ကောဘယ်လိုခံစားရလဲ"

"ဒီမှာကတော့ စည်းကမ်းရှိသလောက် ဟိုမှာကတော့ ဒေါ်ပန်းချီက သူ့ဟာနဲ့သူတောင်ငါ့ကိုဂရုမစိုက်နိုင်ဘူးကျောင်းတတ်တာတောင် ငါ့ဘာသာစီစဉ်ပြီးတက်ခဲ့ရတာ ဘာပဲဖြစ်ဖြစ် အတွေ့အကြုံသစ်တော့ရခဲ့တာပဲ ဒီမှာထပ်စာရင် ဟိုက သင်ပုံသင်နည်းတွေက ငါ့အတွက်ပိုစိတ်ဝင်စားဖို့ကောင်းတယ် ငါ့ကျောင်းလစ်ဖို့တောင်မစဉ်းစားမိတဲ့အထိပဲ"

သွေးစကားကိုကြားတော့ခန့်က စိတ်မကောင်းဖြစ်သွားသလိုနဲ့ သွေးကိုကြည့်ကာ ပြောလာလေသည်။

"အဲ့တော့ မင်းက ဟိုမှာပဲ ပြန်တက်တော့မလို့လား မင်းအမေနဲ့ မင်း ပြန်လိုက်သွားမှာလား"

ထိုအခါ သွေးက ကိုခန့်လေးရဲ့ပါးကိုဆွဲကာ ဆံပင်တွေရှုပ်ပွအောင်လုပ်လိုက်ပြီး ပြောလိုက်လေသည်။

ဖြူလွှနှင်းဆီချစ်၏ သို့သော်.......Where stories live. Discover now