အပိုင်း ၄ (Z/U)

217 28 6
                                    

Zawgyi

"တိုးရေ တိုး တိုးရှိလားဟေ့"

အိမ်ရှေ့တွင် အသံဗြဲကြီးနဲ့ တိုးနာမည်ကို အော်ခေါ်နေသောကြောင့် လိမ်းလက်စသနပ်ခါးကို အပြီးသက်လိမ်းကာ တိုးအိမ်ရှေ့သို့ထွက်လာခဲ့လေသည်။အိမ်ရှေ့သို့ရောက်သောအခါ make-up ဆရာ မိသက်ကိုတွေ့ရသည်။မိသက်သည်လည်း တိုးလိုမျိုး ယောကျာ်းဘဝကနေ မိန်းကလေးဘဝကိုမက်မောသော လူတစ်ယောက်ဖြစ်သည်။မြို့ပေါ်တက်နေသည်ဟုဆိုကာ အခု တိုးအိမ်ကို အရေးတကြီး ဘာကြောင့်ရောက်လာမှန်းမသိပါ။တိုးလည်း အလျင်အမြန် အိမ်အောက်ဆင်းကာ မေးလိုက်ရသည်။

"မိသက်ရယ် အဘယ်ကြောင့်ရေးကြီးသုတ်ပြာဖြစ်နေရတာလဲ"

"ငါနင့်ကိုပြောစရာရှိလို့ပါအေ ညည်းကလည်း"

အမြန်လာရ၍ မောနေဟန်တူသောမိသက်ကို တိုးက ပြုံးကာ ​ကြည့်လိုက်မိသည်။အခုလိုကြည့်ရတာတော့ တိုးကိုအတင်းပြောဖို့ရန်အပြေးရောက်လာခြင်းဖြစ်ရပေမည်။။အတင်းပြောရတာကြိုက်သော မိသက်က တစ်ခုခုသိရပြီဆို တိုးဆီချက်ချင်းလာပြီး ပြောပြရမှ ကျေနပ်နေသူဖြစ်သည်။ရပ်ကွက်ထဲက သတင်းမှန်သမျှကို cctvလိုသိနေသောသူ့ကြောင့် တိုးမှာ ရပ်ကွက်ထဲမြှဖစ်သမျှကို မပင်ပန်းပဲအကုန်သိရတတ်ပါသည်။ထို့ကြောင့်မိသက်ကိုအလျင်မလိုရန် တိုးက ​စကားပြောလိုက်သည်။

"မိသက်ရယ် နင့်ကိုကြည့်ရတာ မောလိုက်တာ တိုးမှာ ဘယ်သူဘာများဖြစ်လို့လဲလို့လန့်သွားတာပဲ လာ ဟိုမှာထိုင်ပြီး ရေနွေးကြမ်းသောက် ခနနားပြီးမှ အေးဆေးပြောပါလား တိုးအားပါတယ်"

တိုးထိုသို့ပြောလိုက်မှ မိသက်က စားပွဲဝိုင်းတွင်ဝင်ထိုင်ရင်း ရေနွေးအိုးထဲမှ ရေနွေးကို ဖန်ခွက်ထဲ ထည့်ကာ နွေးနေပြီးဖြစ်တဲ့ရေနွေးကိုအနည်းငယ်မှုတ်ပြီးနောက်အလောတကြီးသောက်လိုက်လေသည်။
ထိုသို့သောက်လိုက်သောကြောင့် ရေနွေးအချို့က ပါးစပ်ထဲမှထွက်ကျလာသည်ကိုမိသက်က ပါးစပ်ကို လက်ဖမိုးနဲ့သုတ်လိုက်ကာ လေချည်အနည်းငယ်တက်လိုက်သေးသည်။ပြီးနောက် မိသက်က တိုးကို တစ်ချက်ရယ်ပြပြီးနောက် စကားဆိုလေသည်။

ဖြူလွှနှင်းဆီချစ်၏ သို့သော်.......Where stories live. Discover now