အပိုင်း ၉ (Z/U)

182 21 8
                                    

Zawgyi

တိုးတစ်ယောက် သရက်သီးရာသီမို့အလုပ်ရှုပ်နေရပါသည်။အခုလည်း ကိုတာရိုးနဲ့အတူ  အလုပ်ကိစ္စဆွေးနွေးနေရသည်။

"ကိုတာရိုးအာ့ဆို အသေးကို ၂၀၀ အလက်ကို ၃၅၀ထား အကြီးကို ၅၀၀ထားလိုက်ပါ အကြီးဆုံးတွေကိုတော့ ၆၀၀ထားလိုက် အဲ့တာက လက်ကားကို ပြောတာနော်  ပွဲရုံကိုတော့၅၀ဆီလျော့ထားပြီး ရောင်းလိုက် အလုံးတွေလဲပိုထည့်ပေးလိုက်ပါ"

"ဟုတ်ပါပြီမတိုး မတိုး သရက်သီးတွေက ထွက်တာဆိုတာမကူးနိုင်အောင်ပဲ အလုံး
တွေကလည်း ကြီးပြီးလှတော့ ဈေးကောင်းပေးကြမှာသေချာတယ်"

"တိုးလည်း ကိုတာရိုးပြောသလို ဖြစ်ရင်ပဲ ပျော်နေပါပြီ အခုအသုတ် မကလာကတော့ အရင်အတိုင်း ကိုတာရိုးကပဲ လုပ်လိုက်ပါ အော် ဒါနဲ့ညနေကြရင် နှင်းဆီအော်ဒါမှာထားတာ နှစ်နေရာတောင်သွားပို့ရမှာနော် ကိုတာရိုး မှတ်မိတယ်မို့လား"

"မှတ်မိပါတယ် မတိုးရဲ့ ပိုက်ဆံကလက်ခံပြီးပြီမို့လား သွားပို့ရုံပဲဆိုတော့ မတိုးစိတ်ချထားလိုက်ပါ"

"စိတ်ချပါတယ် ကိုတာရိုးရယ် မတိုး ကိုတာရိုးကိုယုံပြီးသားပါ အော် ဒါနဲ့ အခုပြန်ရင် မကလာနဲ့ သရက်အလုံးကြီးကြီးနဲ့အကောင်းဆုံးဖြစ်မဲ့ဟာလေးတွေနည်းနည်း ယူလာပေးပါအုံး ခနနေရင် ကိုမဟော်လာမှာဆိုတော့ထည့်ပေးလိုက်မလို့"

"ဟုတ်ကဲ့မတိုး"

ကိုတာရိုးက တိုးစကားကိုကြားတော့ ပြန်ဖြေပြီး ပြုံးကာကြည့်နေလေသည်။အပိုစကားတော့မပြောပေ။တိုးနဲ့ကိုမဟော် တွဲပြီဆိုကတည်းက တိုးက အိမ်နဲ့အလုပ်သမားတွေကိုအသိပေးပြီးသားဖြစ်သည်။နောက်မြှဖစ်လာမည့်ပြသာနာကို မကြုံချင်တော့ကြောင့် အကုန်ပြောပြပြီ ရှင်းပြထားလေသည်။အဖေကတော့ လက်မခံပင်မဲ့ ဘာမှတော့မပြောပေ။သူ့အရက်သာရှိရင် သူကအကုန်အဆင်ပြေသည်။ဝေယံကတော့ မဟော်နဲ့တွဲနေပါပြီဆိုကတည်းကတိုးထပ်တောင်သူက ပိုပျော်နေလေသည်။ဝေယံကကိုမဟော်ကို အတော်သဘောကျနေပုံပေါ်ပါသည်။ကိုတာရိုးနဲ့ အလုပ်သမားတွေကလည်းတိုးအကြောင်းကိုသိပြီးသားမို့ အားလုံးက ဝမ်းသာပေးကြလေသည်။

ဖြူလွှနှင်းဆီချစ်၏ သို့သော်.......Where stories live. Discover now