အပိုင်း ၆ (Z/U)

189 19 5
                                    

Zawgyi

"နာမည္က တိုးတဲ့လား"

"တိုးတစ်လုံးတည်းတော့မဟုတ်ပါ နာမည်အပြည့်အစုံက တိုးကျော်တဲ့ ဒါမဲ့တိုးလို့ပဲ ချစ်စနိုးနဲ့ခေါ်ကြတာ နောက်ပြီး စကားပြောလိုက်တိုင်း သူကိုယ်သူ တိုးကလေ တိုးကလေ လို့ ပြောတဲ့ပုံလေးက အရမ်းကိုချစ်ဖို့ကောင်းတာကွ"

မဟော်နဲ့ ငြိမ်းအောင်တို့ အမြဲလာနေကြဘားကိုလာကာ ထိုင်နေကျနေရာလေးမှာပဲ ထိုင်ရင်းစကားပြောနေကြခြင်းဖြစ်သည်။ငြိမ်အောင်တစ်ယောက် အရှေ့က အားတက်သရော စကားပြောနေသော သူငယ်ချင်းဖြစ်သူ သတို့မဟော်ကိုကြည့်ကာ တွေးမိပါသည်။အမြဲတမ်းအေးဆေးတည်ငြိမ်ပြီး စကားနည်းတဲ့သူက အခုတော့ဖြင့်တစ်စုံတစ်ယောက်ကြောင့် တက်ကြွနေလေသည်။ထိုသို့ဖြစ်နေရသည်မှာလဲ အခြောက်လေး တိုးကျော်ဆိုတဲ့ လူတစ်ယောက်ကြောင့်တဲ့လား။ငယ်ငယ်လေးတဲ့ကပေါင်းလာတဲ့သူငယ်ချင်းတွေမို့ ဆိုးတူကောင်းတူ ရင်ဖွင့်ပြောပြနေတတ်ကြပင်မဲ့ အခုအကြိမ်မှသာ မဟော်ရဲ့ စိတ်ချမ်းသာစရာစကားများကိုကြားရခြင်းဖြစ်ပါသည်။မဟော်တစ်ယောက် gayလို့မိသားစုကိုဖွင့်ပြောပြီးသည့်နောက် ဖြစ်လာသမျှအကြောင်းအရာတွေကို သူ့ဆီရင်ဖွင့်လာသည်မှာ စိတ်ချမ်းသာစရာတစ်ခုမှ မရှိပါ။အခုလို့ ပျော်ရွှင်ဖွယ် ရင်ဖွင့်ချက်များကို နားထောင်ရသည်မှာ သူငယ်ချင်းနဲ့အတူ သူလည်းပျော်ရွှင်ရပါသည်။မိသားစုထဲ အရှုပ်အရှင်းတြွေဖစ်ပြီးနောက် ကိုယ့်ရဲ့ခံစားချက်များကို ဖိနှိပ်ထားခဲ့ပြီး အချစ်တစ်ခုကိုမရှာဖွေခဲ့သော မဟော်က အခုတော့ အချစ်ကိုမထင်မှတ်ပဲ တွေ့ခဲ့သည် ထင်ပါရဲ့။သို့သော် ငြိမ်အောင်တစ်ယောက် မဟော်ရဲ့ အချစ်တွေ့ခြင်းကို ပျော်ပေးသင့်သလား မပေးသင့်ဘူးလား ဆိုတာကို သူမတွေးတတ်ပေ။ထို့ကြောင့် တိုး​ဆိုတဲ့တစ်ယောက်အကြောင်းပြောရင်းကာ စိတ်ပျော်နေသော မဟော်ကိုကြည့်ရင်းပြောလေသည်။

"မဟော် မင်းပြောတဲ့ တိုးဆိုတဲ့ သူက အခြောက်လေးမလား မင်းကလဲကွာ မိန်းမလို့ဝတ်စားထားတဲ့ အခြောက်ကိုကြိုက်မဲ့အစား တကယ့်မိန်းမစစ်စစ်ကိုပဲ ကြိုက်လိုက်ပါလားကွ"

ဖြူလွှနှင်းဆီချစ်၏ သို့သော်.......Where stories live. Discover now