အပိုင်း ၁၂ (Z/U)

159 20 2
                                    

Zawgyi

သွေးတစ်ယောက် သူသိတဲ့လိပ်စာအတိုင်း ရောက်လာခဲ့လေသည်။သွေး ရေနံဆီတွေတစ်အိမ်လုံးမဲမှောင်နေအောင် သုတ်ထားတဲ့ အိမ်ကြီးကြီးကိုတွေ့လိုက်သောအခါ လိုရာ ပန်းတိုင်ကို ရောက်ပြီမှန်း သိလိုက်သောကြောင့် မော်တော်ဆိုင်ကယ်အကြီးကြီးကိုရပ်ကာ ဆိုင်ကယ်ပေါ်မှဆင်းလာလိုက်သည်။ထို့နောက်ထိုအိမ်ရှိရာ ခြံရှေ့သို့လျောက်လာပြီး ခြံထဲသို့ကြည့်လိုက်လေသည်။ထိုအခါ အိမ်ရှေ့ရှိ စားပွဲဝိုင်းတွင် နှင်းဆီဖြူတွေကို အရွက်သင်ကာ ပန်းအိုးထဲ အလှဆင်နေသော  အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရလေသည်။ထိုအမျိုးသမီးသည် ပါးပေါ်တွင် သနပ်ခါးကိုလိမ်းခြယ်ထားပြီး သူ့ကိုကြည့်လိုက်တာနဲ့တင် မြင်သူတိုင်းက အေးချမ်းသွားသလိုဖြစ်စေသည်။သူ့အလှက လူတိုင်းအတွက် အေးချမ်းမှုကိုပေးပါသည်။ထိုသူသည် ဉီးမဟော်ပြောသည့် တိုးဆိုသည့် လူပဲဖြစ်ရပေးလိမ့်မည်။သွေး ထိုအမျိုးသမီးကိုငေးကြည့်မိနေတုန်း တိုးအရှေ့တွင် လူတစ်ယောက်ရပ်ကာ စကားပြောလာလေသည်။

"မင်းကဘယ်သူလဲ  ဘာလဲဈေးဝယ်လား ဘာဝယ်ချင်လို့လဲ "

သွေးလန့်သွားပြီး သူ့ရှေ့တွင်ရပ်ကာ သူ့ကို ဈေးဝယ်လားလို့မေးပြီး အော်သလိုဟစ်သလိုနဲ့ နှင်ထုတ်နေပုံပေါက်သည့် မိမိတဲ့ ငယ်မဲ့ပုံပေါက်တဲ့ ကောင်လေးကိုကြည့်လိုက်လေသည်။ထို့နောက် သူမေးသောမေးခွန်းကို စချင်သလိုနဲ့ ပြန်မေးလိုက်လေသည်။

"မင်းတို့ဆီက ဘာတွေရောင်းလဲ"

ထိုအခါ မသိဘူးလားဆိုသည့်သဘောနှင့် သူ့ကို စိတ်ရှုပ်သလိုကြည့်ကာ ပြောလာလေသည်။

"နှင်းဆီဖြူ မကလာ သရက် ဘာဝယ်ချင်လဲ"

"တိုးဆိုတဲ့သူနဲ့ တွေ့ဖို့လာတာပါ"

အရှေ့ကလူရဲ့စကားကိုကြားတော့ ဝေယံက ဒေါသထွက်သွားလေသည်။ဟုတ်တယ်လေ ဘာတွေရောင်းလဲမေးပြီးတော့ မမတိုးနဲ့တွေ့ချင်လို့ပါဆိုပြီး ပြောလာလေသည်။အဲ့လိုဆိုရင် ဘာလို့ လာမေးနေသေးလည်။အခုတလော စိတ်ကသိပ်မကြည်ပါဘူးဆို။ဝေယံ ဒေါသထွက်ထွက်နဲ့ပြန်ပြောလိုက်သည်။

ဖြူလွှနှင်းဆီချစ်၏ သို့သော်.......Where stories live. Discover now