အပိုင်း ၁၅ (Z/U)

168 19 2
                                    

Zawgyi

တိုး ဝေယံလေးကိုခေါ်ကာ ဆေးရုံသို့အမြန်ဆုံး ရောက်လာလေသည်။ဆေးရုံသို့ရောက်သောအခါ သွေးကိုဖုန်းဆက်ကာ နေရာမေးပြီးနောက်ထိုနေရာသို့ရောက်ခဲ့လေသည်။ထိုနေရာက ခွဲစိတ်ခန်းအပြင်ဘက်ဖြစ်သည်။တိုး ထိုနေရာသို့ရောက်တော့ စိတ်သောကရောက်နေသောမျက်နှာမျိုးနဲ့ဉီးလေးတစ်ယောက်နှင့်ဝမ်းနည်းတကြီးငိုကြွေးနေသော အန်တီတစ်ယောက်ကိုတွေ့ရလေသည်။ဉီးလေးက အန်တီရဲ့ပုခုံးကိုဖက်ကာနှစ်သိမ့်ပေးနေလေသည်။ကြည့်ရတာ ကိုမဟော့်မိဘတွေထင်သည်။တိုးရောက်လာတာကိုသိကြဟန်မတူ။တိုးကလည်း ကိုယ့်အာရုံနဲ့ကိုယ်မို့ သွားနှုတ်ဆက်ဖို့ရန်မအား။ခွဲစိတ်ခန်းတံခါးနားတွင် ကောင်လေးတစ်ယောက်နဲ့ရပ်နေသော သွေးအနားကိုအမြန်ဆုံးသွားကာ မျက်ရည်ဝဲဝဲနှင့်မေး လိုက်လေသည်။

"သွေး မင်းအဖေ ဘယ်လိုဖြစ်ရတာလဲ တိုးကိုပြောပါအုံး အဆင်ပြေရဲ့လားဟင်"

သွေး က တိုးကိုမြင်တော့ ညိုးငယ်သောမျက်နှာနဲ့ တစ်ချက်ပြုံးပြကာ တိုးကိုပြောလာလေသည်။

"ဉီးမဟော် မြို့ထဲဝင်လာခါနီးမှာ တစ်ဖက်က ကားသမားကအရက်မူးပြီးမောင်းလာတာ ပြီးတော့ လမ်းမှန်မောင်းနေတဲ့ ဉီးမဟော် ကားလမ်းကြောင်းထဲကိုဝင်လာတာလေ အဲ့ကြောင့် ဉီးမဟော်က ရုတ်တရပ်ကြီးဆိုတော့ မတိုက်မိအောင်ရှောင်လိုက်တာတဲ့ အဲ့တာလမ်းဘေးရောက်သွားပြီး သစ်ပင်ကြီးကို တိုက်မိသွားတာ သူများတွေပြောကြတာ ဉီးမဟော်ဘက်က ဘာတွေအလျင်လိုနေမှန်းတော့မသိဘူး ကားကို အမြန်မောင်းလာတာတဲ့လေ"

အဲ့စကားကိုကြားတော့ တိုးကိုယ့်ရင်ဘက်ကို ကိုယ်ပြန်ဖိလိုက်သည်။သေချာတယ် အဲ့တာသူ့ကြောင့်ပင် ပြန်လာရင် အဖြေပေးပါ့မယ်လို့ပြောလိုက်တဲ့သူ့ကြောင့်ပင်။အဲ့ကြောင့် မောင်က တိုးဆီရောက်အောင် အမြန်ဆုံး မောင်းလာတာထင်သည်။တိုးက ရင်ဘက်ထဲနာကျင်ရင်း မျက်ရည်တွေကျလာကာ သွေးကိုထပ်မေးလိုက်လေသည်။

"အခုကော အခြေအနေကရော ဘာတဲ့လဲ ဘာတဲ့လဲသွေးရယ် တိုးစိတ်ပူလွန်းလို့ပါ"

သွေးက မျက်ရည်တွေ ဝဲရင်း  တိုးကိုကြည့်ကာ ပြောလာလေသည်။

ဖြူလွှနှင်းဆီချစ်၏ သို့သော်.......Where stories live. Discover now