Zawgyi
"တိုး ဒီမှာ တိုးအတွက် ကိုယ်ရွှေဘိုသနပ်ခါး ဝယ်လာပေးတယ်နော် တိုးကိုယ်ပေးတဲ့သနပ်ခါး လိမ်းရမယ်နော်"
"ကျေးဇူးတင်ပါတယ် ကိုမဟော်"
တိုး ကိုမဟော်ပေးလာသော သနပ်ခါးတုံးတွေထည့်ထားတဲ့အထုတ်ကို ယူလိုက်လေသည်။ကိုမဟော်က မကြာခနဆိုသလို ခရီးသွားတတ်ပါသည်။သွားပြီးပြန်လာတိုင်းလဲ ကိုမဟော်က တိုးအတွက် တစ်ခုမဟုတ်တစ်ခု ပါလာတတ်သည်။နောက်ပြီးတစ်ခုခုဆို ကိုမဟော်က တိုးကို ဂရုစိုက်ပေးတတ်သည်။မကြာခင် တိုးတော့ ကိုမဟော်ရှေ့ကြွေကျရတော့မည်ထင်ပါသည်။ကိုမဟော့်ဘက်က မိတ်ဆွေတွေမို့ဆိုပင်မဲ့ တိုးဘက်က အဲ့ထပ်ပိုနေတာကို တိုးကိုယ်တိုး သိပါသည်။တစ်ခါတလေ ကိုမဟော်ဘက်ကလဲ တိုးကိုမိတ်ဆွေဆိုတဲ့ဆက်ဆံရေးထပ်ပိုနေတာလားဟု တွေးမိသော်လည်း မစဉ်းစားရဲပေ။ကိုမဟော်လိုလူက တိုးလိုလူကို သဘောကျမည်တဲ့လား။မဖြစ်နိုင်ပါဘူးလေ။တိုး အတွေးတောထဲ ဝင်နေသည်ကိုတွေ့သော ကိုမဟော်က တိုးကို မေးလာလေသည်။
"တိုး ဘာတွေတွေးနေတာလဲဟင်"
တိုး ကိုမဟော်အသံကြားတော့ သတိပြန်ဝင်လာလေသည်။သို့သော် ကိုမဟော်မေးတာ မကြားလိုက်သဖြင့် တိုးအရှက်ပြေပြုံးကာပြန်မေးလိုက်လေသည်။
"ကိုမဟော် ဘာမေးလိုက်တာလဲ တိုးမကြားလိုက်လို့"
တိုးဖြစ်သွားပုံလေးကို ကိုမဟော်သဘောတကျရယ်ကာ ပြောလာလေသည်။
"တိုး အတွေးလွန်နေတဲ့ပုံလေးက ချစ်ဖို့ကောင်းတယ် ကိုယ်မေးတာက တိုးဘာတွေတွေးနေတာလဲလို့ တိုးကြည့်ရတာ အတွေးလွန်နေတဲ့ပုံပေါက်နေလို့လေ"
"အော် ကိုမဟော်အကြောင်းပါ"
တိုးသတိမထားမိသဖြင့်လွှတ်ခနဲ နဲ့ အသံထွက်လိုက်မိသည်။ဤသည်ကို ကြားသော ကိုမဟော်က အံ့သြသွားသလိုနဲ့တိုးကို ပြန်မေးလာသည်။
"ကိုယ့်အကြောင်း ဟုတ်လားတိုး"
ထိုအခါမှ တိုးက စိတ်ကိုတည်ငြိမ်အောင်လုပ်ပြီး ပြန်ဖြေလိုက်လေသည်။
"ဒီလိုပါ တိုးစဉ်းစားနေတာ ကိုမဟော်က ခရီးကို မကြာခနထွက်နေရတော့ဘာအလုပ်တွေများ လုပ်တာလဲလို့ပါ"
YOU ARE READING
ဖြူလွှနှင်းဆီချစ်၏ သို့သော်.......
Fantasyမြင့်မြတ်တဲ့ ယောကျာ်းလေးဖြစ်နေပင်မဲ့ လည်း မိန်းမသားဘဝကိုသာမက်မောသော တိုး နှင်းဆီဖြူတွေကို မက်မက်မောမောချစ်တတ်သောတိုး တိုးကျော်ဆိုတဲ့ Transgenderလေးရဲ့ ဘဝကို လွမ်းမောရန်ခုန်စိတ်လှုပ်ရှားဖွယ် ဖတ်ရှုရမှာပါ