အပိုင်း ၁၇ (Z/U)

164 15 20
                                    

Zawgyi

"ခင္မ်ားလုပ္ရက္လိုက္တာ ၪီးသီဟ"

"ငါလည်း မင်းညီမလို့သိမလားကွ သိရင် သူ့နားတောင်မကပ်ခဲ့ဘူး ဒါမဲ့အခုပြင်ဆင်လို့မှမရတော့တာ"

တိုးနဲ့ ဉီးသီဟတို့  ဆေးရုံရှေ့ကော်ဖီဆိုင်တစ်ခုတွင် မျက်နှာချင်းဆိုင် ထိုင်ကာ စကားပြောနေကြခြင်းဖြစ်သည်။

ဉီးကျော်မင်းသီဟ စကားကိုကြားတော့ တိုးက မျက်ရည်ကျရင်းပြောလိုက်လေသည်။

"အဲ့တာ ခင်များကြောင့်ပဲ ခင်များမစဉ်းစား မဆင်ခြင်ပဲ လုပ်ခဲ့လို့ ခင်များက ကျွန်တော့်အမေဘဝကိုလဲ ဖျက်ဆီးခဲ့တယ် ကျွန်တော့်ဘဝကိုလဲ ဖျက်ဆီးခဲ့တယ် အခုကျွန်တော့်ညီမဘဝကိုပါ ထပ်ဖျက်ဆီးပြန်တယ် ခင်များဘာသာ ဘယ်သူနဲ့ တွဲတွဲ ဘယ်သူနဲ့ရှုပ်ရှုပ်ပါ ကျွန်တော်စိတ်မဝင်စားခဲ့ဘူး ဒါမဲ့ ဘာလို့လဲ ဘာလို့ကျွန်တော့်ညီမလေးကိုပါအလွတ်မပေးရတာလဲ အဲ့တာ ခင်များသားကျွန်တော်နဲ့ သွေးချင်းဆက်နေတဲ့ ကျွန်တော့်ညီမဗျ ခင်များ ဘယ်လိုတောင်ယုတ်မာရတာလဲ"

တိုးစကားကိုကြားတော့ ဉီးသီဟက မျက်နှာပျက်သွားရင်း ပြောလာလေသည်။

"သူက မင်းနဲ့ပဲ သွေးချင်းရင်းတာပါ ငါနဲ့မှ သွေးမတော်တာ နောက်ပြီး သူက သူ့နာမည် အတုနဲ့ ငါ့ကို ချဉ်းကပ်ခဲ့တာ ငါလည်း မင်းအမေနဲ့တူလို့ဆိုပြီး သူကို စိတ်ဝင်စားခဲ့ရင်း အခုလိုတြွေဖစ်ခဲ့ရတာ ငါ သူက မင်းညီမမှန်း ငါမသိခဲ့ဘူး ငါက မင်းအမေတစ်ယောက်တည်းကိုပဲ ချစ်ခဲ့တာ အခုလည်း မင်းအမေနဲ့တူလို့"

တိုးက ဉီးသီဟရဲ့ စကားကိုကြားတော့ ဖြတ်ကာ ပြောလိုက်လေသည်။

"ခင်များ အခုကျွန်တော့်အမေကို ချစ်တယ်လို့ပြောရဲသေးတယ် ကျွန်တော့်ရှေ့မှာပဲ ကျွန်တော့်ညီမကို ကျွန်တော့်အမေနဲ့တူလို့ အခုလိုဖြစ်ခဲ့တာပါဆိုပြီး ပြောရဲတယ်ပေါ့ ဉီးသီဟ ခင်များ လူစိတ်ကော ရှိသေးရဲ့လား ခင်များ လူစိတ်ကော ရှိသေးရဲ့လားလို့ ခင်များမှာ ဉီးနှောက်မရှိဘူးလား ဟမ် ခင်များဘာသာ အိပ်ယာဖော်လိုနေတာနဲ့ပဲ အသက်၂၀တောင်မပြည့်သေးပဲ ကလေးစိတ်ပဲရှိသေးတဲ့ မိန်းကလေးတစ်ယောက်ကို ခင်များ အခုလို လုပ်ရပ်တယ်ပေါ့လေ တခြားသူဆို ထားပါ အခု ကျွန်တော့် ညီမ ကျွန်တော့်ညီမဗျ ခင်များ နားလည်ရဲ့လား!!!!

ဖြူလွှနှင်းဆီချစ်၏ သို့သော်.......Where stories live. Discover now