အပိုင်း ၁၉ (Z/U)

119 12 5
                                    

Zawgyi

တစ်လခန့်ကြာသော်

"ကိုခန့်လေး ငါ့ကိုဘာလို့စိတ်ဆိုးနေသေးတာလဲကွာ အခုတလော မင်းငါ့ကိုရှောင်နေသလိုပဲ ငါလည်း မင်းအပေါ် ဘာအမှားမှ မလုပ်မိပါဘူးကွာ"

သွေးတစ်ယောက် ကိုခန့်လေးအိမ်လာကာ  ဟိုတစ်ခါဆေးရုံရှေ့ဆိုင်မှာ ဘာဖြစ်သွားလို့ဖြစ်သွားမှန်းမသိတဲ့အချိန်ကတည်းက စကာ အခုထိ သူ့ကိုရှောင်နေပြီး စကားမပြောသော ကိုခန့်လေးကို ချော့မော့ကာ မေးမြန်းနေခြင်းဖြစ်သည်။

"ပြောပါ ကိုခန့်လေးရဲ့ ငါမင်းအပေါ် စိတ်ဆိုးစေမဲ့ ဘယ်အရာကိုများလုပ်မိလို့လဲကွာ မင်းငါ့အပေါ် အဲ့လိုစိမ်းစိမ်းကားကားကြီး မနေပါနဲ့ ငါမနေတတ်ဘူးကွ"

ခန့်ကတော့ သူဖက်နေတဲ့စာအုပ်ကိုသာအာရုံစိုက် ဖက်နေပြီး သွေးကို သူ့ဘေးမှာမရှိသလိုမျိုး နေနေလေသည်။သွေးက သက်ပျင်းချလျက် ခန့်လက်ထဲက စာအုပ်ကို ဆွဲယူလိုက်ပြီး စိတ်ဆိုးဆိုးနဲ့ပြောလိုက်လေသည်။

"ကိုခန့်လေး ငါ့ကိုကြည့်နော် မင်းကို ငါဘာလုပ်မိလဲ ပြော အေ မင်းငါ့ကို အခုလိုပဲ ဆက်လုပ်နေမယ်ဆို ငါမင်းကိုစိတ်ဆိုးတော့မှာနော် အေ အဲ့လိုဆို ငါမင်းဆီဘယ်တော့မှ မလာတော့ဘူး ငါတကယ်ပြောတာ"

ခန့်က သွေးကိုမကြည့်ပဲ ပြောလိုက်လေသည်။

"မလာနဲ့"

သွေးက ကိုခန့်လေး စကားကို မယုံသလိုနဲ့ ထပ်မေးလိုက်လေသည်။

"မင်း ဘာပြောလိုက်တာ"

ထိုအခါ ခန့်က သွေးရဲ့ မျက်နှာကို စိုက်ကြည့်လာရင်း ပီပီသသနဲ့ ထပ်ပြောလိုက်လေသည်။

"ငါပြောတာ မင်းငါ့ဆီမလာနဲ့တော့လို့"

သွေးက ထိုစကားကိုကြားတော့ ကိုခန့်လေးကို အံ့သြသလိုကြည့်ကာ ပြောလာလေသည်။

"ခန့် မင်းဘယ်လိုပြောလိုက်တာလဲ  ငါကဒီတိုင်းပြောလိုက်တာလေ အဲ့တာကို မင်းကအတည်ပေါက်ကြီးယုံပြီး ငါ့ကို အဲ့လိုပြောတယ်ပေါ့ မင်းတကယ်ပဲ ပြောနေတာလား"

"ဟုတ်တယ် ငါတကယ်ပြောနေတာ နောက်တစ်ခါ မင်းဘယ်တော့မှ ငါ့အိမ်မလာနဲ့ မင်းမင်္ဂလာဆောင်မှ ငါ့ဆီကို မင်းတို့မင်္ဂလာဆောင်ဖိတ်စာ ပို့လိုက်ပါ အဲ့ချိန်ကျ ငါလက်ဖွဲ့ကြီးကြီးနဲ့ လာဖွဲ့မယ်"

ဖြူလွှနှင်းဆီချစ်၏ သို့သော်.......Where stories live. Discover now