အပိုင်း ၈ (U/Z)

167 21 8
                                    

Zawgyi

ဒီးအပိုင်းလေးဖတ်ပြီး ဒီသီချင်းလေးနားထောင်ပေးပါနော်🥰🥰🥰

https://www.facebook.com/100050868765383/videos/774248192979823/

တကယ်လို့ဒီထဲဝင်လို့မရရင်ဆောင်းကိုပြောနော် you tubeထဲရှာတာရှာလို့မရလို့

ပါးပေါ်မှာသနပ်ခါးလေးနဲ့
ချစ်စရာကောင်းလိုက်တာကွာ🎶🎶🎶

အဲ့သီချင်းလေးနော်🥰🥰

မနက်စောစော ဘုန်းကြီးတွေ ဆွမ်းကျွေးပြီးနောက် ရွာသားတွေကို ကျွေးမွေးဧည့်ခံဖြစ်ပါသည်။တိုး အိမ်ရဲ့ မိသားစုဝင်တွေကသာ တိုးရဲ့ ဘဝကိုလက်မခံဖြစ်နေကြတယ်ထင်ပါရဲ့ တိုးရဲ့မွေးနေ့လေးအလှူကို လာရောက်ဂုဏ်ပြုပြီး စားသောက်ကြသည့်သူများမှာ တစ်ရွာလုံးပင်ထင်ရပါသည်။တိုးကိုသဘောမကျသောလူတွေကလွဲလို့ပေါ့။ဝေယံလေးနဲ့မအေးမြတို့ကတော့ ဟင်းတွေလိုက်ထည့်ပေးရသည်မှာလက်မလည်အောင်ဖြစ်နေရပါသည်။မိသက်ကတော့ မွေးနေ့လက်ဆောင်ပေးလာသော ပါတိတ်များနဲ့ တချို့သော လက်ဆောင်တွေကြောင့်စာရင်းမှတ်ရင်း ခေါင်းမူးနေသည်ဟုပင်ထင်နေရပါသည်။ဘေးကသူ့တပည့်တောင် သူ့ကို ယက်ခက်ပေးနေရလေသည်။ကိုတာရိုးနဲ့အလုပ်သမားတွေကတော့ လက်တွေညောင်းကိုက်နေရတဲ့အထိ ပန်းကန်တွေဆေးနေရပါသည်။ထိုသို့လုပ်နေကြရပင်မဲ့ သူတို့ရဲ့မျက်နှာမှာတော့ အပြုံးတွေဝေဆာနေတာကိုကြည့်ခြင်းဖြင့် တိုးရဲ့မွေးနေ့လေးမှာလုပ်ကူပေးရတဲ့အတွက် ကျေနပ်ပျော်ရွှင်နေကြပုံပေါက်ပါသည်။ဒီလိုပုံစံတွေတွေ့ရတော့လဲ တိုးကိုချစ်တဲ့သူတွေလည်း ရှိနေပါသေးလားဟု တွေးမိပါသည်။အဲ့လိုတွေးလိုက်မှပဲ တိုးမွေးနေ့မှာတစ်စုံတစ်ယောက်လိုနေမှန်း တိုးသတိထားမိသွားတော့သည်။ထို့ကြောင့်ဘေးပတ်လည်ကိုလိုက်ကြည့်တော့လည်း ထိုတစ်စုံတစ်ယောက်ကို မတွေ့ပါ။သူအလုပ်ရှုပ်နေလို့နောက်ကျနေတာလားဟု တွေးလိုက်ကာ တိုးဧည့်သည်တွေကို ဆက် ဧည့်ခံလိုက်ပါသည်။

မဟော် ဘုန်းကြီးကျောင်းခြံဝင်းထဲရောက်တော့ နေရာလွတ်တစ်နေရာမှာကားကိုရပ်ကာ ကားပေါ်က ဆင်းလိုက်ပါသည်။မနက်စောစော မေမေက ဈေးကြီးကိုသွားကာသူ့ယောကျာ်းနဲ့မြေး ကြိုက်တာဝယ်ပြီး ချက်ပေးမလို့ဟုဆိုသောကြောင့် အမေ့ကိုလိုက်ပို့ပေးရလေသည်။ထို့ကြောင့်မဟော် နောက်ကျသွားခြင်းဖြစ်လေသည်။စိတ်ထဲတွင်လည်း တစ်ယောက်သောသူ စိတ်ဆိုးနေမလား ဟု တွေးထင်ကာ ဘုန်းကြီးကျောင်းရဲ့ ကျွေးမွေးရာ အဆောက်အအုံးထဲသို့ အလျင်အမြန်ဝင်လာလိုက်လေသည်။အထဲရောက်တော့ အဓိက ဇာတ်ဆောင်လေးကို မျက်လုံးဝေ့ရှာလိုက်လေသည်။တွေ့ပါပြီ။မဟော်ထိုအမျိုးသားလေးကိုကြည့်ပြီး စိတ်နှလုံးတွေ​တောင်အေးချမ်းသွားသလို ခံစားလိုက်ရသည်။တိုးက ဒီနေ့တော့ဝတ်နေကြ ပါတိတ်လေးကိုမဝတ်ထားတော့ပဲ အဖြူရောင် ပိုးဝမ်းဆက်လေးကိုဆင်မြန်းထားပြီး ဧည့်သည်တွေကို အပြုံးနဲ့လိုက်ပြီးဧည့်ခံနေသည်မှာ နတ်သမီးလေးတစ်ပါးလိုပင်။တိုးပန်းပန်တာကို တစ်ခါမှမတွေ့ဖူးပင်မဲ့ နှင်းဆီဖြူကိုချစ်သောတိုးသည် နှင်းဆီဖြူကိုလဲမပန်ပဲ အဖြူရောင်သစ်ခွပန်းလေးကို ပန်ဆင်ထားသည်မှာ အလွန့်ကိုကျက်သရေရှိလှပါသည်။သို့သော် တစ်ခြားအရာများကို ပစ်ပယ်နိုင်ဟန်တူပင်မဲ့ သနပ်ခါးကိုကြိုက်သောတိုးကာ အခြားအရာတွေထပ် သနပ်ခါးကိုပိုချစ်ဟန်တူပါသည်။တိုးရဲ့ ပါးပြင်ထက်တွင် မဟော်တွေ့နေကြအတိုင်း သနပ်ခါးလေးကို လိမ်းတင်ထားပါသည်။အားလုံးပေါင်းစပ်ပြီးကြည့်လိုက်သောအခါ တိုးသည် မဟော်ရင်ထဲ ပိုတိုးဝင်လာသလားလို့တောင်ထင်ရလောက်အောင် မဟော်မျက်လုံးထဲ အရမ်းကိုလှရက်လွန်းလှပါသည်။မဟော် တိုးကိုငေးကြည့်နေတုန်း မဟော့်ကို စောင့်နေတဲ့ဟန်ပေါ်သည့် တိုးက မဟော့်ကိုတွေ့တာနှင့် မဟော်အနား အမြန်ရောက်လာခဲ့လေသည်။မဟော်က တိုးအနားရောက်လာတာနှင့် ဉီး၍ပြောလိုက်ပါသည်။

ဖြူလွှနှင်းဆီချစ်၏ သို့သော်.......Where stories live. Discover now