အပိုင်း ၂၀ (Z/U)

456 20 9
                                    

Zawgyi

"လူနာက ခေါင်းထိထားတာဆိုတော့ မှတ်ဉာဏ်တစ်ချို့ပျောက်ဆုံးနေတာပါ ဒါမဲ့အချိန်တစ်ခုလောက်ရောက်ရင် ပြန်မှတ်မိလာရင်မှတ်မိလာနိုင်လောက်ပါတယ်ဒါမဲ့တစ်ခါတလေ ပြန်မမှတ်မိတာတွေလဲရှိတတ်ပါတယ် အာ့ကြောင့် အခုချိန်မှာ လူနာ့ကိုဖိအားပေးပြီး ပြန်မှတ်မိဖို့ မလုပ်ပါနဲ့နော် သူ့အတွက်အဆင်မပြေလို့ပါ သူ့ဒဏ်ရာက မသက်သာသေးဘူးဆိုတော့ခေါင်းမူးခေါင်းကိုက်တာတွေက မကြာခန ဖြစ်ဖြစ်တတ်ပါလိမ့်မယ် အာ့တာလေးကိုတော့သတိထားဂရုစိုက်ပေးပါ နောက်ပြီး သူ့ခြေထောက်က ကျိုးထားတဲ့အပြင်တစ်လလောက်လဲ အိပ်ယာထဲလှဲနေထားတာကြောင့် အခုချိန်မှာ လမ်းလျောက်ဖို့ကမဖြစ်နိုင်သေးပါဘူးနော် ပြန်လည်ထူထောင်ရေးလေ့ကျင့်ခန်းကိုပုံမှန်လုပ်ပေးရင်တော့အရင်ကလိုလမ်းလျှောက်နိုင်ပါလိမ့်မယ် ကျန်တာကတော့ဘာမှမစိုးရိမ်စရာမရှိတော့ပါဘူးနော် နောက်တစ်ပက်ဆိုဆေးရုံက ဆင်းလို့ရပါပြီ"

ဆရာဝန်က ထိုသို့ပြောပြီး သွေးနဲ့ မဟော့်မိဘတွေကိုမှာကြားစရာ အားလုံးမှာကြားပြီးနောက် အခန်းထဲက ထွက်သွားလေသည်။သွေးက ဉီးမဟော့်အနားသွားကာ မေးလိုက်လေသည်။

"ဉီးမဟော်တကယ်ပဲအန်တီတိုးကိုမမှတ်မိဘူးလား"

မဟော်က ခေါင်းကို အနည်းငယ်ခါရင်း မေးလိုက်လေသည်။

"ငါမမှတ်မိဘူး သူကဘယ်သူလဲ"

ဒေါ်ဖြူဖြူစိန်က ဒါကိုအခွင့်အရေးဟု ထင်ကာ သွေးကိုတားမြစ်ပြောဆိုလာလေသည်။

"သွေး မင်းဘာတွေပြောနေတာလဲ မင်းအဖေနေမကောင်းသေးဘူးလေ သူအနား
ယူပါစေ မဟုတ်တာတွေမပြောစမ်းနဲ့ "

သွေးက သူ့အဘွားရဲ့စကားကို အတွန့်တတ်ကာ ပြောလာလေသည်။

"ဘွားဖြူ ဒါမဲ့ အန်တီတိုးက"

ဒေါ်ဖြူဖြူစိန်က သွေးကိုကြည့်ကာ စိတ်ဆိုးဆိုးနဲ့ပြောလာလေသည်။

"မင်းကိုတော်တော့လို့ပြောနေတယ်နော် နောက်တစ်ခါ အဲ့တစ်ယောက်နဲ့ပတ်သက်တာငါမကြားချင်ဘူး မင်းထပ်ပြောမယ်ဆို ဒီကိုထပ်မလာခဲ့နဲ့တော့"

You've reached the end of published parts.

⏰ Last updated: Mar 22, 2022 ⏰

Add this story to your Library to get notified about new parts!

ဖြူလွှနှင်းဆီချစ်၏ သို့သော်.......Where stories live. Discover now