part 1

33.1K 922 49
                                    

အခုတစ်လော အမည်မသိသည့်
ပန်းဆိုင်အတွင်း က
ထိုအမျိုးသမီးကို ဘာရယ်မသိ
ဒီဆိုင်ရှေ့ကို ထိုအမျိုးသမီးကိုတွေ့ချင်သည်မို့ ရောက်လာတတ်သည်

မည်သူမည်ဝါမှန်းလဲ မြတ် မသိ
ထိုအမျိုးသမီးကိုမြင်ချင်တာဘဲသိသည်

:Hello

မွန် :မြတ် နင့်ကို ဦးလေး ဆူနေတယ်
အိမ်မြန်မြန်ပြန်လာ

တီ!

မွန် :မြတ်သော်ဇင် တော့ လုပ်ပြန်ပြီ

: မလာဘူးမလား.....တောက်စ်

မွန် :ဦးလေးရယ် စိတ်ထိန်းပါ
သူက အရမ်းဆိုးသွမ်းနေတဲ့
သူမှမဟုတ်တာ သူ့စိတ်ကြိုက်

: ဘာကိုစိတ်ကြိုက်လဲ
ဟိုးကဟာလဲစိတ်ကြိုက်ဘဲလား

အပြင်မှာရပ်ထားသည့်
ပြိုင်ကားအနက်ရောင် ကို
လက်ညိုးထိုးပြသည်မို့ သက်ပြင်းချလိုက်မိသည်

.
.
.
.

ကားထဲမှ ထိုအမျိုးသမီး ပန်းပျိုးနေသည့်ပုံ
အနက်ရောင်ဆံနွယ်တွေပျံ့လွှင့်သွားပုံများကအစ
တစိမ့်စိမ့်ကြည့်နေမိသည်

ကားစတီယာရာတိုင်ပေါ်တင်ထားသည့်လက်ကိုမှီကာ
ထိုအမျိုးသမီးကိုငေးကြည့်ရင်း မြတ်နိုးနေမိသည်

မြန်မာဝတ်စုံချည်သားလေးနှင့်
ဝင်းဝါဝါအသားအရည်
တစ်ချက်တစ်ချက်မြင်လိုက်ရသည့်
ခါးဖြူဖြူသွယ်သွယ်လေး

လက်ချောင်းနုနုလေးတွေကအစ
ပါးပြင်ကရယ်မောတိုင်းပေါ်ထွက်လာသည့်
ပါးချိုင့်လေးတွေ

နေရောင်နုနုအောက်မှာ လက်ကာမိုးပြီး
ဆိုင်ထဲဝင်သွားပုံ ခွေးလေးနှစ်ကောင်နှင့်
ဆော့ကာရယ်မောနေပုံကအစ ငေးကြည့်ရင်း

မြင်လိုက်ရတိုင်း စိတ်ကိုနူးညံ့စေတယ်
အပြင်ပိုင်းရုပ်အသွင်နှင့်ပင် မြတ် ကို ပြုစားနိုင်သည်

ကားပေါ်ကငေးကြည့်ရသည်ကို ကြည့်မဝသည်မို့
ကားပေါ်မှဆင်းလိုက်ကာ ခွေးနှစ်ကောင်နှင့်အတူ
ဆော့နေသည့် ထိုအမျိုးသမီးနားသို့

: ဘာများအလိုရှိလို့များလဲ

နွယ့် အနားကိုခပ်ငယ်ငယ်ကောင်မလေးတစ်ယောက်
ကားပေါ်မှဆင်းလာပြီး ရောက်လာသည်

မြတ်နိုးသင့်သော်အမျိုးသမီးငယ်Where stories live. Discover now