part 14

8.9K 845 8
                                    

လေဆိပ်ရောက်တော့
ဆရာဘေးမှာရပ်နေသည့်
အန်တီ့မျက်နှာကညိုးနေသလို

မြတ် : ဆရာ

: သွားကြတော့မလား အချိန်ကတော့လိုသေးတယ်

: အာ ဆရာ မြတ်နောက်ကလိုက်ခဲ့မယ်နော်
​မြတ် ကို အန်တီနဲ့စကားခဏလောက်ပြောခွင့်ပြုပါ

: အင်း မြန်မြန်တော့လာတော့

:ဟုတ်ကဲ့

:ဖေဖေသွားပြီနော်သမီး

: ဟုတ်ဖေဖေ

ပြုံးသာပြုံးသည် မျက်နှာကမလန်းပေ

ဆရာသွားပြီမို့ အန်တီလက်လေးကို
အသာဆွဲကိုင်လိုက်ကာ

: အန်တီ နေမကောင်းဘူးလား

မြတ်ကိုကြည့်ပြီးပြုံးကာခေါင်းခါပြသည်

:ဘာဖြစ်လို့လဲ အန်တီ ငိုချင်နေတာလား

ငိုမဲ့မဲ့ဖြင့်မျက်ရည်ဝဲနေသည့်
အန်တီ့ပါးပြင်ကိုထိန်းကိုင်ရင်း
ဖက်ထားလိုက်သည်

: အာ ကလေးလေးကျနေတာဘဲကွာ
၅ လတည်းလေနော် ပြီးတာနဲ့
ချက်ချင်းပြန်လာခဲ့မယ်နော် အန်တီ နော်လို့
စကားပြန်ပြောပါအုန်း

ဖက်ထားတော့မှ မြတ်ရဲ့ခါးကိုဖက်လာကာ
​မြတ် ရင်ခွင်ထဲကိုမျက်နှာအပ်ရင်း
ငိုမဲ့မဲ့ဖြစ်နေသည့်အန်တီဆံပင်တွေကို
အသာသပ်ပေးလိုက်တော့မှ
ခေါင်း​ငြိမ့်ပြသလို

: ဒီမှာ မြတ်ကိုကြည့်

အန်တီ့ရဲ့လက်ကို မြတ်ပတ်ထားသည့်
နာရီကိုချွတ်ကာပတ်ပေးလိုက်ပြီး

: အချိန်ကိုမှတ်ထားနော်
လွမ်းတဲ့အချိန်တိုင်းဖုန်းဆက်နော်
မြတ်ကိုလွမ်းတဲ့အချိန်တိုင်းကိုလဲမှတ်ထားပေးနော်
ပြန်လာမှအတိုးနဲ့ပြန်ချစ်မယ်လေ နော်

ငိုချင်နေသည့်မျက်နှာလေးကိုဆွဲမော့ကာ
မြတ်ရဲ့ပြုံးစိစိစကားကြောင့်
ခါးကိုအသာလိမ်ဆွဲလိုက်ကာ

: မင်းနော် တစ်ခြားကောင်မလေးတွေနဲ့
ပတ်သတ်တယ်ကြားတာနဲ့
တို့ပြဿနာလာရှာမှာနော်

: ဟုတ်ပါပြီ အန်တီရယ်
သိပ်ချစ်တယ်နော်

: အင်းပါ ချစ်တယ်ကွာ သွားတော့

မြတ်နိုးသင့်သော်အမျိုးသမီးငယ်Where stories live. Discover now